မယ်စဲ့မြို့နယ်

မြို့
၁(မယ်စဲ့)
ရပ်ကွက်
ကျေးရွာအုပ်စု
ကျေးရွာ
၁၄
လူဦးရေ
၆၄၁၂
အိမ်ထောင်စု
၁၁၉၄
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၁၄၅၀
မိုးရေချိန်(လက်မ)
၉.၆
အပူချိန်(ဒီဂရီ)
မြင့်(၄၀.၅.C)-နိမ့်(၁၅.၅.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၆၉၄
ပလပ်မြေ(ဧက)
၈၇
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၆၂၅၁၆၉
တောရိုင်း(ဧက)
-
မြေရိုင်း(ဧက)
-
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၂၂၀၁၀
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
မယ်စဲ့မြို့နယ်သည်  ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းတွင် တည်ရှိပါသည်။မယ်စဲ့မြို့နယ်သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၂၉)မိနစ်နှင့် ၁၉ဒီဂရီ ၀မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၇)ဒီဂရီ (၁၉)မိနစ်နှင့် (၉၇)ဒီဂရီ (၄၆)မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၁၀၁၂.၄၄)စတုရန်းမိုင်ကျယ်ဝန်းပါသည်။
 
နယ်နိမိတ်
မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့်တောင်ဘက်တွင် ထိုင်းနိုင်ငံ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ် ၊ မြောက်ဘက်တွင် ရှားတောမြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိပါသည်။
 
မြေမျက်နှာ သွင်ပြင်
မယ်စဲ့မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးကာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်(၁၂၀၄)ပေ တွင်တည်ရှိပါသည်။ မြို့၏ (၇၅%)မှာ သစ်တောဖြင့် ဖုံးလွှမ်းလျှက် ရှိပါသည်။ တောင်တန်းများမှာ အများအားဖြင့် တောင်မှမြောက်သို့ သွယ်တန်းလျှက်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ တောင်လှတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်(၁၄၅၀)ပေရှိပါသည်။
 
ရာသီဥတု
မယ်စဲ့မြို့နယ်သည် ပူအိုက်စိုစွတ်ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၀.၅)ဒီဂရီစင်တီဂရိတ်  နှင့် အနိမ့်ဆုံး အပူချိန်မှာ(၁၅.၅)ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ(၉.၆)လက်မ ရှိပါသည်။
 
ရေဆင်း
မယ်စဲ့မြို့နယ်သည် မြစ်ချောင်းနည်းပါးပြီး တောင်မှ မြောက် သို့ စီးဆင်းလျှက်ရှိပါသည်။ထင်ရှားသောချောင်းများမှာ မယ်ပိုင်ချောင်း၊ မယ်ဖချောင်း၊ မယ်စဲ့ချောင်း၊ မယ်တနွယ်ချောင်းတို့ ဖြစ်ပါသည်။မယ်ပိုင်ချောင်းသည် မယ်စဲ့မြို့နှင့် အလှမ်းဝေး၍ သုံးစွဲမှုမရှိပါ။ ကျန်ချောင်းများကို မှီခိုပြီး လယ်ယာစိုက်ပျိုးရေနှင့်သောက်သုံးရေ အဖြစ်အသုံးပြုလျှက်ရှိပါသည်။နွေရာသီတွင် ချောင်းရေနည်း ပါးမှုများကြောင့် စိုက်ပျိုးရေသုံးစွဲနိုင်ခြင်းမရှိပါ။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (2)
13.jpg
13.jpg
14.jpg