ရှားတောမြို့နယ်

မြို့
၁(ရှားတော)
ရပ်ကွက်
ကျေးရွာအုပ်စု
ကျေးရွာ
၂၀
လူဦးရေ
၇၂၀၁
အိမ်ထောင်စု
၁၄၀၃
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၉၈၅
မိုးရေချိန်(လက်မ)
၃၂.၀၉
အပူချိန်(ဒီဂရီ)
မြင့်(၄၂.C)-နိမ့်(၇.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၆၃၉၃
ပလပ်မြေ(ဧက)
၇၁၅၃
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၂၇၇၇၆၀
တောရိုင်း(ဧက)
၁၀၁၀၃၆
မြေရိုင်း(ဧက)
၂၇၀၃၉
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၁၂၀၈၉၃
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ရှားတောမြို့နယ်သည် ကယားပြည်နယ်၏ အရှေ့ဘက် လွိုင်ကော်ခရိုင်တွင်တည်ရှိပါသည်။ ရှားတောမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၀ မိနစ်နှင့် ၁၉ ဒီဂရီ ၂၇ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၇ မိနစ် နှင့် ၉၇ ဒီဂရီ ၅၁ မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ(၈၃၄.၁၉) စတုရန်းမိုင်ကျယ်ဝန်းပါသည်။
 
နယ်နမိတ်
ရှားတောမြို့နယ်၏ မြောက်ဘက်တွင် ရှမ်းပြည်နယ် (မောက်မယ်မြို့)၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်၊ လွိုင်ကော် မြို့နယ်တို့နှင့် နယ်နိမိတ်ထိ စပ်လျက်ရှိပါသည်။
 
မြေမျက်နှာ သွင်ပြင်
ရှားတောမြို့နယ်သည် တောင်များပတ်လည်ဝန်းရံလျှက်ရှိ၍ ဒယ်အိုးပုံသဏ္ဍာန်အနိမ့်ပိုင်း တွင် တည်ရှိပြီး တောင်တန်းများမှာ တစ်ခုနှင့်တစ်ခု စပ်ဆက်လျှက်ရှိကာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်(၉၈၅)ပေတွင် တည်ရှိပါသည်။ အရှေ့ဘက်ခြမ်းတွင် သံလွင်မြစ် စီးဆင်းလျှက်ရှိပါသည်။ မြို့နယ်အကျယ်အဝန်း၏ ငါးပုံသုံးပုံခန့်သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပါသည်။ အမြင့်ဆုံးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၇၂၁၂)ပေရှိ လွိုင်လန်တောင် ဖြစ်ပါသည်။
 
ရာသီဥတု
ရှားတောမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၂)ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ(၇)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၃၂.၀၉)လက်မရှိပါသည်။
 
ရေဆင်း
ရှားတောမြို့နယ်တွင် အနောက်မှအရှေ့သို့ စီးဆင်းနေသော ဖဲပုလာလဲချောင်းနှင့် နမ့်မာချောင်း တို့ကိုသာ ဒေသခံပြည်သူများက စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုဆောင်ရွက် လျှက်ရှိကြပြီး သံလွင်မြစ်မှာ ရာသီမရွေး စက်လှေများသွားလာနိုင်ပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (2)
7.jpg
7.jpg
8.jpg