ဖရူဆိုမြို့နယ်

မြို့
၁(ဖရူဆို)
ရပ်ကွက်
ကျေးရွာအုပ်စု
၁၄
ကျေးရွာ
၁၁၄
လူဦးရေ
၂၉၉၁၉
အိမ်ထောင်စု
၅၈၈၂
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၃၂၆၀
မိုးရေချိန်(လက်မ)
၄၃.၈၂
အပူချိန်(ဒီဂရီ)
မြင့်(၃၃.C)-အနိမ့်(၇.C )
အသားတင်စိုက်ပျိုးမြေ(ဧက)
၂၂၅၅၃
ပလပ်မြေ(ဧက)
၃၉
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၁၆၄၁၇၁
တောရိုင်း(ဧက)
၁၁၄၅၆၉
မြေရိုင်း(ဧက)
၉၇၉၂
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၁၀၀၃၃၈
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်တွင်တည်ရှိပါသည်။ ဖရူဆိုမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၇မိနစ်နှင့် ၁၉ ဒီဂရီ ၅၈မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်နှင့် ၉၇ ဒီဂရီ ၇၃မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၆၄၂.၉၁)စတုရန်းမိုင် ကျယ်ဝန်းပါသည်။
 
နယ်နမိတ်
ဖရူဆိုမြို့နယ်၏ အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်၊ တောင်ဘက်တွင် ဖားဆောင်းမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်၊ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ မြောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်တို့နှင့်နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။
 
မြေမျက်နှာ သွင်ပြင်
ဖရူဆိုမြို့နယ်သည် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်(၃၂၆၀)ပေတွင် တည်ရှိပါသည်။ ထင်ရှားသောတောင်မှာ ခေါသခေါတောင်ဖြစ်ပြီး(၆၆၈၃၂)ပေ မြင့်မားပါသည်။
 
ရာသီဥတု
ဖရူဆိုမြို့နယ်သည် အပူအအေးမျှတသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၃)ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၇)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၄၃.၈၂)လက်မ ရှိပါသည်။
 
ရေဆင်း
ဖရူဆိုမြို့နယ်တွင် သောက်သုံးရေအဖြစ်အသုံးပြုသော အရှည်(၁၅.၅မိုင်)ရှိ ခီးပရာလို ချောင်းနှင့် အရှည်(၉.၅မိုင်)ရှိ နန်းဖဲချောင်းတို့သည် ဟိုယာကျေးရွာ၊ သိုသီးဖိုရွာနှင့် တော်ခူရွာများကို ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။ ထင်ရှားသောချောင်းမှာထူးချောင်းဖြစ်ပြီး ဟိုယာကျေးရွာ အုပ်စုနှင့်သိုသီးဖိုကျေးရွာအုပ်စုအနီးမှ ဖြတ်၍ ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းသို့  စီးဆင်းလျှက်ရှိပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (2)
3.jpg
3.jpg
4.jpg