ဘောလခဲမြို့နယ်

မြို့
၂(ဘောလခဲ၊ ရွာသစ်မြို့)
ရပ်ကွက်
ကျေးရွာအုပ်စု
ကျေးရွာ
၁၃
လူဦးရေ
၆၈၉၃
အိမ်ထောင်စု
၁၅၄၅
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၄၅၂
မိုးရေချိန်(လက်မ)
၁၆.၀၀
အပူချိန်(ဒီဂရီ)
မြင့်(၄၄.C)-နိမ့်(၇.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၉၁၇၄
ပလပ်မြေ(ဧက)
-
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၇၈၃၉၅
တောရိုင်း(ဧက)
၈၉၇၉
မြေရိုင်း(ဧက)
၅၆၂
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၁၄၀၄၇
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ဘောလခဲမြို့နယ်သည် ကယားပြည်နယ် ဘောလခဲခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၀မိနစ်မှ ၁၉ဒီဂရီ ၁၄မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၇မိနစ်မှ ၉၇ဒီဂရီ ၅ဝမိနစ်အတွင်းတည်ရှိပါသည်။ ဘောလခဲမြို့နယ်သည် အကျယ်အဝန်း အားဖြင့် စတုရန်းမိုင်ပေါင်း (၁၇၃.၆၈) ကျယ်ဝန်းပြီး ရွာသစ်မြို့နယ်ခွဲအနေဖြင့် (၁၇၉.၂၁)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ တစ်မြို့နယ်လုံး၏ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ(၃၅၂.၈၉)စတုရန်းမိုင် ကျယ်ဝန်းပါသည်။
 
နယ်နိမိတ်
ဘောလခဲမြို့နယ်၏ နယ်နိမိတ်ဆက်စပ်မှု အခြေအနေမှာမြို့၏ မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ရှားတောမြို့နယ် ၊အရှေ့ဘက်တွင် ရှားတောမြို့နယ်နှင့် မယ်စဲ့မြို့နယ် ၊တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင်ဖားဆောင်းမြို့နယ်၊ဖရူဆိုမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်လျှက်ရှိပါသည်။
 
မြေမျက်နှာ သွင်ပြင်
ဘောလခဲမြို့နယ်၏ မြေမျက်နှာသွင်ပြင်အနေအထားမှာ ပင်လယ်ရေမျက်နှာပြင်အထက်  (၅၄၂)ပေ တွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများဝန်းရံနေသော ချိုင့်ဝှမ်းဒေသအဖြစ် တည်ရှိပါသည်။
 
ရာသီဥတု
ဘောလခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ (၄၄)  ဒီဂရီစင်တီဂရိတ်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ(၇)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၁၆)လက်မ ဖြစ်ပါသည်။
 
ရေဆင်း
ဘောလခဲမြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီးမြစ်ချောင်းများသည်မြောက်မှတောင်သို့စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းမှာ ပွန်ချောင်းဖြစ်ပြီး ဘောလခဲမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (2)
9.jpg
9.jpg
10.jpg