နန်းမယ်ခုံမြို့

မြို့
၁(နန်းမယ်ခုံ)
ရပ်ကွက်
ကျေးရွာအုပ်စု
-
ကျေးရွာ
-
လူဦးရေ
၂၃၁၂
အိမ်ထောင်စု
၄၂၇
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
မြင့်(၃၇.C)-နိမ့်(၆.C)
မိုးရေချိန်(လက်မ)
-
အပူချိန်(ဒီဂရီ)
-
အသားတင်စိုက်ပျိုးမြေ(ဧက)
-
ပလပ်မြေ(ဧက)
-
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
-
တောရိုင်း(ဧက)
-
မြေရိုင်း(ဧက)
-
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
-
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
နန်းမယ်ခုံမြို့သည် ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိပါသည်။ နန်းမယ်ခုံမြို့သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၄၀ မိနစ်နှင့် ၁၉ဒီဂရီ ၃၉ မိနစ် ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၆ မိနစ်၊ ၂၆.၆၉ စက္ကန့်နှင့် ၉၇ဒီဂရီ ၆ မိနစ်၊ ၂၆.၃၉စက္ကန့် တွင်တည်ရှိပြီး အကျယ်အ၀န်းအားဖြင့် စတုရန်းမိုင်ပေါင်း ၀.၅၆၅ မိုင် ကျယ်၀န်းပါသည်။

နယ်နမိတ်
နန်းမယ်ခုံမြို့၏ အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ အနောက်ဘက်နှင့် တောင်ဘက်တွင် အိုကေကျေးရွာအုပ်စုနှင့် မြောက်ဘက်တွင် ဆင်တောင်ကျေးရွာတို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာ သွင်ပြင်
နန်းမယ်ခုံမြို့သည် တောင်ကုန်း၊တောင်တန်း ၀န်းရံလျက်ရှိသော တောင်ကုန်းဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ( ၂၉၁၉ )ပေတွင် တည်ရှိပါသည်။

ရာသီဥတု
နန်းမယ်ခုံမြို့သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၇) ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၆) ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၂၉.၈၁) လက်မရှိပါသည်။

ရေဆင်း
နန်းမယ်ခုံမြို့တွင် စီးဆင်းလျက်ရှိသော ချောင်းများမှာ နန်းမယ်ခုံချောင်းနှင့် ဆင်တောင်ချောင်း တို့ဖြစ်ပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (1)
18.jpg