လွိုင်လင်လေးမြို့

မြို့
၁(လွိုင်လင်လေး)
ရပ်ကွက်
ကျေးရွာအုပ်စု
-
ကျေးရွာ
-
လူဦးရေ
၃၇၈၅
အိမ်ထောင်စု
၆၈၃
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၂၅၅၅
မိုးရေချိန်(လက်မ)
၇.၀၀
အပူချိန်(ဒီဂရီ)
မြင့်(၃၉.C)-နိမ့်(၅.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
-
ပလပ်မြေ(ဧက)
-
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
-
တောရိုင်း(ဧက)
-
မြေရိုင်း(ဧက)
-
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
-
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
လွိုင်လင်လေးမြို့သည် ကယားပြည်နယ်၊လွိုင်ကော်ခရိုင်၊လွိုင်ကော်မြို့နယ်တွင် တည်ရှိပါသည်။ လွိုင်လင်လေးမြို့သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၅၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၁၃မိနစ် ကြားတွင်တည်ရှိပြီး အကျယ်အ၀န်းအားဖြင့် စတုရန်းမိုင်ပေါင်း ၀.၄၅၁ မိုင် ကျယ်၀န်းပါသည်။
နယ်နမိတ်
လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စုနှင့် ထီးစဲခါးကျေးရွာအုပ်စု တို့နှင့် ထိစပ်လျက်ရှိပါသည်။ တောင်ဘက်တွင် လွိုင်ကော်မြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နှင့် အနောက်ဘက်တွင် ပိန်းချစ်ကျေးရွာအုပ်စုတို့နှင့် ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာ သွင်ပြင်
လွိုင်လင်လေးမြို့သည် တောတောင်နှင့် သစ်များ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၅၅)ပေတွင် တည်ရှိပါသည်။ ထင်ရှားသောတောင်မှာ မြို့၏အနောက်ဘက်တွင် ဘုရားတောင်(၂)တောင် ရှိပါသည်။
ရာသီဥတု
လွိုင်လင်လေးမြို့သည် သင့်တင့်မျှတပြီး ခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၉) ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၅) ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၇.၀၀) လက်မရှိပါသည်။
ရေဆင်း
လွိုင်လင်လေးမြို့၏ မြောက်ဘက်တွင် ရေချောင်းငယ်(၁)ချောင်းရှိပြီး အနောက်ဘက်မှ မြောက်ဘက်သို့ စီးဆင်းသွားပါသည်။ ရေချိုရေဖြစ်ပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေများအဖြစ် အသုံးပြုပါသည်။
 
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (1)
17.jpg