လွိုင်ကော်မြို့နယ်

မြို့
၂ (လွိုင်ကော်၊ လွိုင်လင်းလေး)
ရပ်ကွက်
၁၉
ကျေးရွာအုပ်စု
၁၂
ကျေးရွာ
၁၂၂
လူဦးရေ
၁၁၆၇၉၅
အိမ်ထောင်စု
၂၁၂၈၈
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၂၉၅၀
မိုးရေချိန်(လက်မ)
၂၆.၄၂
အပူချိန်(ဒီဂရီ)
မြင့်(၃၉.C)-အနိမ့်(၅.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၆၁၆၇၉
ပလပ်မြေ(ဧက)
၅၂၂၄
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၇၂၈၇၃
တောရိုင်း(ဧက)
၃၇၉၁၈
မြေရိုင်း(ဧက)
၃၇၃၈၀
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၂၀၄၅၃၀
လေယာဉ်ကွင်း
တက္ကသိုလ်
ကောလိပ်
တည်နေရာအကျယ်အဝန်း
လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၁၄ မိနစ်နှင့် ၂၀ဒီဂရီ ၅၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၀၇မီနစ်နှင့် ၉၇ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်  အဝန်းမှာ (၅၉၈.၀၆)စတုရန်းမိုင်ရှိပါသည်။
 
နယ်နိမိတ်
လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊တောင်ဘက်တွင် ဘောလခဲမြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ထိစပ်လျှက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
လွိုင်ကော်မြို့နယ်သည် တောတောင်နှင့် သစ်များပေါများပြီး မြေပြန့် လွင်ပြင်နည်းပါးပါသည်။ ထင်ရှားသောချောင်များမှာ ဘီလူးချောင်းနှင့် ပွန်ချောင်းတို့ဖြစ်ပါသည်။ ထင်ရှားသောတောင်မှာ သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီ) ၊ ရွှေတောင်၊တောင်သုံးလုံး၊မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက်(၂၉၅၀)ပေတွင် တည်ရှိပါသည်။
ရာသီဥတု
လွိုင်ကော်မြို့နယ်သည် အေးမြခြောက်သွေ့ပြီး သင့်တင့်မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၉)ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၅)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၂၆.၄၂)လက်မရှိပါသည်။
ရေဆင်း
လွိုင်ကော်မြို့နယ်တွင် စီးဆင်းလျက်ရှိသော ထင်ရှားသော မြစ်ချောင်းမှာ ဘီလူးချောင်းဖြစ်ပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပါသည်။ ရေချိုရေဖြစ်ပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် အသုံးပြုလျက်ရှိပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက်အပြည့်အစုံ ဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
Images (2)
1.jpg
1.jpg
2.jpg