Print |  Close this window

ဒီးမော့ဆိုမြို့နယ်

မြို့
၂(ဒီးမော့ဆို၊ နန်းမယ်ခုံ)
ရပ်ကွက်
ကျေးရွာအုပ်စု
၂၅
ကျေးရွာ
၁၇၃
လူဦးရေ
၈၇၈၇၈
အိမ်ထောင်စု
၁၆၄၇၆
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၉၈၃
မိုးရေချိန်(လက်မ)
၉.၇၀
အပူချိန်(ဒီဂရီ)
မြင့်(၃၆.၈.C)-အနိမ့်(၆.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၅၄၆၂၁
ပလပ်မြေ(ဧက)
၁၈၁
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
၂၁၉၉၈
တောရိုင်း(ဧက)
၈၉၉၈၁
မြေရိုင်း(ဧက)
၁၃
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၁၂၇၃၇၁
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ဒီးမော့ဆိုမြို့နယ်သည် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၁၅မိနစ်နှင့် ၁၉ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၀ဒီဂရီ ၁၅မိနစ်နှင့် ၉၇ဒီဂရီ ၂၅မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၄၅၉.၆၃)စတုရန်းမိုင်ရှိပါသည်။
 
နယ်နိမိတ်
ဒီးမော့ဆိုမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ အနောက်ဘက်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ တောင်ဘက်တွင် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။
 
မြေမျက်နှာသွင်ပြင်
ဒီးမော့ဆိုမြို့နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောများဖုံးလွှမ်း လျှက်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက်(၉၈၃)ပေတွင် တည်ရှိပါသည်။ တောင်ပေါ် ဒေသဖြစ်ပြီး မြေပြန့်လွင်ပြင်နှင့် ချိုင့်ဝှမ်း အနည်းငယ်သာ ရှိပါသည်။ အမြင့်ဆုံးတောင်မှာ  လွိုင်နန်း ဖတောင်ဖြစ်၍ ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် (၅၀၁၀)ပေ ရှိပါသည်။
 
ရာသီဥတု
ဒီးမော့ဆိုမြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ  (၃၆.၈)ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ (၆)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၉.၇၀)လက်မရှိပါသည်။
 
ရေဆင်း
ဒီးမော့ဆိုမြို့နယ်တွင် အနောက်မှ တောင်သို့ စီးဆင်းနေသော အရှည်(၅မိုင်)ခန့်ရှိ နန့်စံဖူး ချောင်း၊ အနောက်မှ အရှေ့သို့ စီးဆင်းနေသော အရှည်(၅မိုင်)ခန့်ရှိ နန်းမယ်ခုံချောင်းနှင့် ဆင်တောင်ချောင်း၊ အနောက်မှ မြောက်သို့ စီးဆင်းနေသော အရှည်(၂၅မိုင်)ခန့်ရှိ ငွေတောင်ချောင်း တို့လည်းရှိပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်
Print |  Close this window