ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

colonel myint way 
 အမည်     ဗိုလ်မှူးကြီးမြင့်ဝေ
အဘအမည်    ဦးမောင်ခိုင်(ကွယ်လွန်)
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၂-၅-၁၉၆၆
မွေးဖွားရာဇာတိ    သထုံမြို့
 ပညာအရည်အချင်း    

B.Sc(Chemistry), M.A (Defence.Stusies)

မဲဆန္ဒနယ်    -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    တပ်မတော်သားကိုယ်စားလှယ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်   

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး

 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၂၇-၂-၂၀၁၇

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

၁၉၆၆ ခုနှစ်၊ မေလ(၁၂)ရက်နေ့ ကျိုက္ကော်ရွာ၊ သထုံမြို့နယ်တွင် (အဖ)ဦးမောင်ခိုင်၊ (အမိ) ဒေါ်ရွှေရင်တို့မှ မွေးဖွားပါသည်။ ၁၉၇၁ ခုနှစ်တွင် အမက ရွာကြားရွာ၌ စတင်၍ ကျောင်းပညာသင်ကြားခဲ့ ပါသည်။ ၁၉၇၅ ခုနှစ်တွင် စတုတ္ထတန်းအောင်ပြီး ၁၉၇၆ ခုနှစ်တွင် ကျိုက္ကော်ရွာ၊ အထကကျောင်းသို့ ဆက်လက်ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အဆိုပါကျောင်း၌ အဋ္ဌမတန်းအောင်မြင်ပြီး ၁၉၈၃ ခုနှစ် တွင် ဒဿမတန်းအောင်မြင်ခဲ့ပါသည်။ ၁၉၈၄-၈၅ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်၌ ဒုတိယနှစ် (ဓါတုဗေဒ)ဖြင့် အောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဓါတုဗေဒသာသာဖြင့် ဘွဲ့ရရှိခဲ့ပါ သည်။ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် တပ်မတော်သို့ ဝင်ရောက်၍ ဆေးအောင်ခဲ့ပါသည်။ ယနေ့ထိတပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် 
၂။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ်-

  • ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  • ပြည်နယ်ရဲတပ်ဖွဲ့
  • ပြည်နယ်အကျဉ်းဦးစီးဌာန
  • ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
  • ပြည်နယ်မီးသတ်ဦးစီးဌာန
  • ပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများကို တာဝန်ယူ ဆောင်ရွက်ရပါသည်။