ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အမှတ်စဉ်(၁/၂၀၁၇) အစည်းအဝေးပြုလုပ်

3-8-2017 1

3-8-2017 2

3-8-2017 3

3-8-2017 4

3-8-2017 5

လွိုင်ကော်    သြဂုတ် ၃

    ကယားပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပို၍တိုးတက်မြင့်မားပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအမှတ်စဉ်(၁/၂၀၁၇) အစည်းအဝေးကို သြဂုတ်လ ၃ ရက်နေ့ ၊ နံနက် ၁ဝ:ဝ၀ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
    ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မတည်ငွေရင်း အမေရိကန်ဒေါ်လာ (၅)သန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း(၆၀ဝ၀)အထိ ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများသို့ လုပ်ပိုင်ခွင့်များပေးလိုက်ပြီး ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပို၍တိုးတက်မြင့်မားပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ပြည်သူများ ပိုမိုသိရှိလာစေဖို့အတွက်လည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ဖို့လိုအပ်ပါကြောင်းဖြင့်ပြောကြားသည်။
    ဆက်လက်ပြီး ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က အတည်ပြုမိန့် ထုတ်ပေး နိုင်သည့်လုပ်ငန်းများ၊ လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအား Power Point  ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက ရှင်းလင်းချက်များနှင့်ပတ်သက်ပြီး သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

                                                                ကယားပြည်နယ်ပြန်/ဆက်