စာအောင်ဆုနှင်းသဘင် နှင့် တရားတော်နာရေစက်ချမင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

 20140331-1

20140331-2

20140331-3

လွိုင်ကော် မတ် ၉
(၃၇)ကြိမ်မြောက်၊ ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂစာပွဲတော်၏ စာအောင်ဆုနှင်းသဘင် နှင့်တရားတော်နာရေစက်ချမင်္ဂလာအခမ်းအနားကို မတ်လ ၉ ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန် က လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံတွင် ပြုလုပ်ရာ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျော်ဆွေနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ အလှူဒါယကာ၊ အလှူဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦ:စွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ကန်တော့ပြီး ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ချီးမြှင့်တော်မူပြီး ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ စာလျှောက်မေးပွဲတော်ကြီး ရေးဖြေနှင့်အာဂုမ်ပြန်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)အဆင့်ဖြင့် အောင်မြင်တော်မူကြကုန်သော သာသနာ့အာဇာနည်အရှင်သူမြတ် တို့အား အောင်လက်မှတ်နှင့်ဓမ္မပူဇာများ ပင့်လျှောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။