ဒီးမော့ဆိုမြို့နယ်၊ မြို့မဗဟိုသာသနာပြုကျောင်းရှိ ပရဟိတ(ဘက)ကလေးငယ်များအတွက် ဆန်၊ ဆီ၊ ဆားရိက္ခာများ ဝယ်ယူနိုင်ရေး ရန်ပုံငွေများ ထောက်ပံ့

8-11-2019 1

8-11-2019 2

8-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၈)


ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒီးမော့ဆိုမြို့နယ်၊ မြို့မဗဟို သာသနာပြုကျောင်း ပရ ဟိတ(ဘုန်းတော်ကြီးသင်)ကျောင်းရှိ ကလေးငယ်များ အတွက် ဆန်၊ ဆီ၊ ဆား အစရှိသည့် စားနပ်ရိက္ခာများဝယ် ယူနိုင်ရေးအတွက် ငွေကျပ်(၇၂)သိန်းတိတိအား ပေးအပ် လှူဒါန်းခဲ့ပြီး အဆိုပါ ရန်ပုံငွေများအား ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၈.၁၁. ၂၀၁၉) ရက်နေ့ (၁၁၄၅)နာရီအချိန်တွင် ကျောင်းထိုင် ဆရာတော် ပြည်နယ်ဘုန်းတော်ကြီးသင် ပညာရေးအဖွဲ့ ကြီးကြပ်ရေးဥက္ကဋ္ဌ ဘဒ္ဒန္တသောဘဏ (အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက) ထံ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

ရန်ပုံငွေပေးအပ်လှူဒါန်းပွဲသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ပြည်နယ် ဥပဒေ ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လိုက်ပါဆောင် ရွက်ခဲ့ကြ ပါသည်။

အဆိုပါ မြို့မဗဟိုသာသနာပြုကျောင်း ပရဟိတ (ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်း၌ မူလတန်း အဆင့် မှ အထက်တန်း(ဒသမတန်း)အဆင့်ထိ ကျောင်း သားကျောင်းသူ (၁၅၈)ဦးတို့မှ တက်ရောက်ပညာ သင်ကြား လျက်ရှိကြောင်း သိရှိရပါသည်။