အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်လှူဒါန်း

7-11-2019 1

7-11-2019 2

7-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၇)

၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၇)ရက်တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်၇နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းနှင့် ဇနီးဒေါ်အေးအေးသန်း၊ ဝန်ထမ်းများ၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များက နမ့်မန်းကျောင်း ဆရာတော် ဦးပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံ ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဧည့်ပရိသတ်များက နမ့်မန်းကျောင်းဆရာတော် ဦးပညာသာမိထံမှ တရားတော်နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေသက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။