မယ်စဲ့မြို့နယ်၊ နန်းဟူးကျေးရွာ၊ ကျိုက်ထီးရိုးတောရကျောင်း ပရိဝုဏ်အတွင်း၌ ကျိုက်ထီးရိုးစေတီတော် ထီးတော်တင်လှူ၊ ဟင်္သာတိုင်၊ ဘုရားပလ္လင်၊ ကျောင်းရေစက်ချနှင့် ကထိန် အလှူတော်မင်္ဂလာ ကျင်းပ

4-11-2019 1

4-11-2019 2

4-11-2019 3

(၂၀၁၉ နိုဝင်ဘာ ၄)

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မယ်စဲ့မြို့နယ် အများပြည်သူများနှင့် စေတနာရှင်အပေါင်းတို့မှ ကယားပြည် နယ်၊ မယ်စဲ့မြို့နယ်၊ နန်းဟူးကျေးရွာ ကျိုက်ထီးရိုးတောရကျောင်း စေတီတော်ပရိဝုဏ် အတွင်း၌ ကျင်းပပြုလုပ်သည့် ကျိုက်ထီးရိုးစေတီတော် ပြန်လည်ပြုပြင်ခြင်းနှင့် ထီးတော်တင်လှူ ပူဇော်ခြင်း၊ တံခွန်တိုင်၊ ဘုရားပုလ္လင်၊ ကျောင်းဆောင်သစ်နှင့် ကထိသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားအား (၄-၁၁-၂၀၁၉)ရက်နေ့ (၀၇၃၀) နာရီ အချိန် မယ်စဲ့မြို့နယ်၊ နန်းဟူးကျေးရွာ ကျိုက်တီးရိုးတောရကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မယ်စဲ့မြို့နယ်အတွင်းရှိ အများပြည်သူများနှင့် စေတနာရှင်အပေါင်းတို့မှ တက်ရောက်ခဲ့ကြပါသည်။

 

ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ အခမ်းအနားအား “နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ (၉)ပါးသီလခံယူဆောက်တည်ခဲ့ပါသည်။

 

ထို့နောက် ဥပသကာများက ဆရာတော်များထံသို့ ပရိတ် ပန်း၊ ပရိတ်သဲနှင့် ပရိတ်ရေများ ဆက်ကပ်ခြင်း၊ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေစသည်များကို စေတီတော် ဝတ္ထုကံနေရာသို့ ကြဲချပတ်ဖျန်းခဲ့ကြပါသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်များထံသို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် စေတီတော်အား လက်ယာရစ်(၃)ပတ် ပူဇော်၍ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီး ရွှေထီးတော်ဘုံအဆင့်များ၊ ငှာမြတ်နားတော်နှင့် စိန်ဖူးတော်တို့အား မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ပြီး ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ “ဇယန္တောဗောဓိယာမူလေ”အစချီသော ဂါထာတော်အား သုံးကြိမ်ရွတ်ဆိုပူဇော်ခဲ့ကြပြီး ဆရာတော်ကြီးများနှင့် အကြီးအကဲများက “ဇိတံမေ အောင်ပြီ” အောင်ဂါထာတော်ကို သုံးကြိမ်ရွတ်ဆိုပူဇော်၍ ရတနာရွှေမိုးငွေများများ ရွာသွန်းခဲ့ကြပါသည်။

 

ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံသို့ တံခွန်၊ ကုက္ကား မုလေးပွား စသည်များ ဆက်ကပ်ခဲ့ပြီး ဆရာတော်သံဃာ တော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

ယင်းနောက် ကျိုက်ထီးရိုးစေတီတော် ထီးတော်တင်လှူခြင်း၊ ဟင်္သာတိုင်၊ ဘုရားပလ္လင်၊ ​ကျောင်း​ရေစက်ချနှင့် ကထိန် အလှူ​တော်မင်္ဂလာကျောင်းဆောင်သစ်လှူဒါန်းမှုအတွက် ရေစက် ချတရားတော်များ နာယခြင်း၊ ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ ကြွရောက်လာသည့်ဧည့်ပရိတ်သတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။