ရှားတောမြို့၊ ဦးအောင်ဇေယျ ဆုတောင်းပြည့်ဘုရား၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်

20-9-2019-1 1

20-9-2019-1 3

20-9-2019-1 3

(၂၀၁၉ စက်တင်ဘာ ၂၀)

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ဦးအောင်ဇေယျ ဆုတောင်းပြည့်ဘုရား၌ မြို့တွင်းသန့်ရှင်းသာယာလှပ စေရန်နှင့် ခြင်မှရသောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို စက်တင်ဘာ လ(၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်သည့်လုပ်ငန်းများမှာ ဦးအောင်ဇေယျ ဆုတောင်းပြည့်ဘုရား ဧရိယာအတွင်းရှိ ပေါင်းမြက်များ၊ ခြုံနွယ်များ ရှင်းလင်းခဲ့ကြရာ နံနက်(၈)နာရီ အထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။