စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

20-9-2019 1

20-9-2019 2

20-9-2019 3

(၂၀၁၉ စက်တင်ဘာ ၁၉)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မီးသတ်တပ်ဖွဲ့မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါး(၂)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန် က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်သော ဖြစ်စဉ်များ ဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ် မကျရောက်ခင် ကြိုတင်ကာကွယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခြင်းသည် အကောင်းဆုံး နည်းလမ်းများဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာ/မများ၊ ကျောင်းသားကျောင်းသူများအား မီးသတ် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ အသုံးပြုပုံ၊ အသက်ရှုကိရိယာ BA(Set) အား လက်တွေ့ဝတ်ဆင်ခြင်း၊ ဆီမီးလောင်မှုအား ရေမှုန်ရေမွှား အအေးပေးစနစ်ဖြင့် လက်တွေ့ငြိမ်းသတ်ခြင်းနှင့် DCP မီးသတ်ဆေးဗူး ဖြင့် ငြိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။