ပြည်နယ်အတွင်းမူးယစ်ဆေးဝါးနှင့် လုယက်မှုတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

19-9-2019 1

19-9-2019 2

19-9-2019 3

(၂၀၁၉ စက်တင်ဘာ ၁၉)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှု (၇)မှုနှင့် လုယက်မှု(၁)မှုတို့ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားအား (၁၉-၉-၂၀၁၉)ရက်နေ့ (ဝ၉၃၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စည်ပင်သာယာ ရေးနှင့် လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲ များ၊ ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ရုံး အဆင့်ဆင့်မှ အရာ ထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦ:စွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်:ရှိုက ဂုဏ်ပြုအမှာစကားပြောကြားရာ တွင် ယနေ့ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အားသို့ ကြွရောက်လာသည့် တာဝန်ရှိသူများအားလုံး မင်္ဂလအပေါင်းနှင့် ပြည့်စုံပါစေကြောင်း၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှု (၇)မှုနှင့် လုယက်မှု (၁)မှုကို ဖော်ထုတ်ရ မိမှုအတွက် ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြီးမားသော ဖမ်းဆီးရမိမှု (၇)မှုကို ဂုဏ်ပြု ပေးခြင်းဖြစ်ကြောင်း၊ လုယက်မှုနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသည့် အခြေအနေအထိ ဖြစ်ပွားခဲ့သည့် အမှုတစ်ခု ဖြစ်၍ ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ အလားတူ ရဲတပ်ဖွဲ့နှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပြည်သူများကိုလည်း ဂုဏ်ပြုလို၍ ဖြစ်ပါ ကြောင်း၊ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဂုဏ်ပြုထိုက်သူများအားလုံးကို အသိအမှတ် ဂုဏ်ပြုလိုခြင်းဖြစ်ကြောင်း၊ ယင်းအခမ်း အနားကို ပြုလုပ်ခြင်းသည် အနည်းငယ်သာ ဖမ်းဆီးရမိ သော မူးယစ်ဆေးဖမ်းဆီးရမိမှုကို ဂုဏ်မပြုလို၍ မဟုတ် ကြောင်း၊ ယင်းပုဂ္ဂိုလ်များကိုလည်း အလားတူ ဂုဏ်ပြုပါ ကြောင်း၊ ချီးမြှင့်ပေးရာတွင် ပိုမိုသိသာထင်ရှားသည့် ကိစ္စရပ်များကိုသာ ရွေးချယ်ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်သုံးစွဲ ရောင်းချမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှု အနေ အထား တစ်ခုကို မရောက်ရှိသေးကြောင်း၊ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ယင်းအတွက် အားအင်ဖြစ်စေရေအတွက် ယခုလို ချီးမြှင့်ဂုဏ်ပြု ပေးခြင်းဖြစ်ကြောင်း၊ ကြိုးပမ်း သူများအတွက် စိတ်ဓာတ်ခွန်အားများ ရရှိရန်အတွက် ချီးမြှင့်ခြင်းဖြစ် ကြောင်း၊ နောင်တွင်လည်း အလားတူ ကိစ္စရပ်များတွင် အင်နှင့်အားနှင့်ပါဝင်ပူးပေါင်းနိုင်ရန် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို ထပ်မံဂုဏ်ပြုလိုသည်မှာ မိမိတို့ပြည် နယ် သည် ယခင်က ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးခဲ့ ကြောင်း၊ သို့ရာတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ရဲ တပ်ဖွဲ့မှ အထက်အဆင့်ဆင့်သို့ တင်ပြဆောင် ရွက်နိုင်ခဲ့ မှုကြောင့် တပ်ဖွဲ့ဝင်အင်အားတိုးပွားအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထို့အပြင် ရဲမေအင်အား များပြားစွာ ဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း၊ မိမိအနေနှင့် ခရီးစဉ်များသွားရောက်ရာတွင် ကျောင်းများ၌ တွေ့ဆုံရာ ကလေးငယ်များမှ ၎င်းတို့၏ အနာဂတ်တွင် ရဲမေ၊ ရဲသား များအဖြစ် ဆောင်ရွက်လိုသည်များကို ဖြေကြားခဲ့ကြ ကြောင်း၊ ယင်းအချက်သည် ရဲတပ်ဖွဲ့၏ ဂုဏ်ကို မြင့်မား စေပြီး ကူညီပါရစေဟူသော ဆောင်ပုဒ်နှင့်အညီ ကူညီ နိုင်ရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ မိမိအနေနှင့် ပြည်သူ့အကျိုး၊ ပြည့်သူ့ဝန်ဆောင်မှုကို အကောင်းဆုံး ဆောင်ရွက်ပေးစေလိုကြောင်း၊ တတ်စွမ်း သမျှ ကြိုးပမ်းခဲ့ပြီး စုပေါင်းစစ်ဆေးရေး ဂိတ်များအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဂိတ်များ တွင် ရှိသင့်ရှိထိုက်သည်များ ထားရှိနိုင်ရေး ကြိးပမ်းပေး နိုင်ခဲ့ကြောင်း၊ နောင်တွင်လည်း ယခုထက်ပိုမိုစနစ်ကျပြီး ပြည်သူအားကိုးယုံကြည်သည့် တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါး လျော့နည်း ပပျောက်ရေးအတွက် ယခုထက်ပိုမိုကောင်း မွန် သည့် လမ်းကိုဆက်သွားရမည်ဖြစ်ကြောင်း ထုတ်လုပ် သုံးစွဲမှု လျော့နည်းပပျောက်အောင် မည်သို့ပူးပေါင်း ဆောင် ရွက်ရန်ကို ရှာရန် လိုကြောင်း၊ လွိုင်ကော်မြို့ အစွန်အဖျားကျေးရွားများတွင် လူငယ်များသုံးစွဲမှုများ ရှိနေပြီး ယင်းမှ တဆင့် ကျောင်းများသို့တိုင် ရောက်ရှိ လာသည်ကို ကြားသိနေရကြောင်း၊ ယင်းအပေါ်တွင် သတင်း ပေးမှုနှင့်သာ ဆောင်ရွက်နိုင်မည်ဖြ်စကြောင်း၊ နိုင်ငံတော်အကြီးအကဲများ ကလည်း သတင်း ပေးပို့ရန် တိုက်တွန်းလျက်ရှိကြောင်း၊ သတင်းပေးလိုစိတ်ရှိအောင် လည်း မိမိတို့အနေနှင့် သတင်းပေးသူ၏ လုံခြုံရေးဆိုင် ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ယင်းသို့မဆောင်ရွက်နိုင်ပါက အားနည်း ချက် တစ်ရပ်ဖြစ်နေမည်ဖြစ်ကြောင်း၊ သတင်းပေး ရာတွင်လည်း ပေးသင့်သူကို မှန်ကန်စွာပေးတတ်ရန် လိုကြောင်း၊ သတင်းပေးသူအပေါ် လုံခြုံမှုပေးနိုင်ရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သတင်းပေးသူများအတွက် ပိုမိုလုံခြုံပြီး ကောင်းမွန်သည့် အစီအမံများကို တာဝန်ရှိ သူများက ရေးဆွဲစေလိုကြောင်း၊ ထို့အပြင် လုယက်မှုများ နှင့် ပတ်သက်၍ လုပ်သေနတ်များ ပိုမိုများပြားလာသည် ကို ကြားသိနေရကြောင်း၊ ယင်းလက်နက်များသည်လည်း အသက်အန္တရာယ်ရှိပြီး ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ယင်းအခြေ နေကို သက်ဆိုင်ရာတာဝန်ရှိသူများက သိရှိ ပြီး အရေးယူဆောင်ရွက်နိုင်ရန် လိုကြောင်း၊ သတင်းရရှိ သော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိပါက အစိုးရ၏ ပုံရိပ်ကိုထိခိုက်နိုင်ပါကြောင်း၊ ယင်း သို့ဆောင်ရွက်နေသူ များကို ဖမ်းဆီးအရေးယူဆောင်ရွက်ရန် တိုက်တွန်းလို ကြောင်း၊ အလားတူ လုယက်မှုများနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်လိုပြီး ဆိုးသွမ်းလူငယ်များ ကို ရှေးဦးစွာတားဆီးရမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်လုယက်မှု များကိုလည်း ယခုအခါ ကြားသိ လာရကြောင်း၊ စီမံချက် များရေးဆွဲဆောင်ရွက်မှုကြောင့် အတိုင်းအတာတစ်ခု အထိ ထိရောက်မှုရှိပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည် များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်စေလိုကြောင်း၊ ဆိုင်ကယ်ခိုးယူမှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုများ ရှိပြီး သက်ဆိုင်ရာ ကာယကံရှင်များကို ပြန်လည် ပေးအပ် နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဖမ်းဆီးမရရှိမှုများလည်း ရှိပြီး ယင်းကာယကံရှင်များ အတွက်ကြိုးပမ်းနေမှုကိုလည်း အကြောင်းပြန်ကြားရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေ နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အား ကို ယူစေလိုကြောင်း၊ လောင်းကစားအမှု များနှင့်ပတ် သက်၍ ပြတ်သားစွာဆောင်ရွက်ရန်ကို ပြတ်သားစွာ ဆောင်ရွက်ကြရန်နှင့် အချိန်ယူ ဆောင်ရွက်ရန်ကိစ္စရပ်ကို အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယနေ့ အခမ်းအနားတွင် ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူ များကို ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ပြီး မိမိတို့ပြည်နယ်တွင် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်သော မူးယစ် ဆေးဝါးများကို ဖမ်း ဆီး ရမိခဲ့ကြောင်း၊ ယင်းအတွက် အသိအမှတ်ပြု၍ ချီးမြှင့်ခြင်းဖြစ်ပြီး အခြားသော အသိ အမှတ်ပြု ဆောင်ရွက်ရန်ရှိသည့် ဖမ်းဆီးရမိမှုများကို အသိအမှတ်ပြုဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် နောင်လာနောင်သားများ အနေဖြင့် ကောင်းမွန်မှန်ကန်သည့် အတုယူမှုမျိုးဖြင့် စေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရမိမှု ဖြစ်စဉ် များနှင့်ပတ်သက်၍ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးသိန်းအောင်မှ အသေးစိတ်ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မူးယစ် ဆေးဝါးမှု(၇)မှုနှင့် လုယက်မှု(၁)မှု ဖော်ထုတ်ဖမ်းဆီးရ မိသည့် ရဲတပ်ဖွဲ့ဝင်(၄၉)ဦးနှင့် ပြည်သူ(၁၂)ဦး စုစုပေါင်း (၆၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြု ဆုငွေကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင် များ နှင့် ပြည်သူများကိုယ်စား ကိုယ်စားလှယ်များမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ (၁၁၂၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။