ရှားတောမြို့နယ် စုပေါင်းရုံခန်မ၌ လွိုင်ကော်-ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းခြင်း အခမ်းအနားကျင်းပ

18-9-2019 2

18-9-2019 1

18-9-2019 3

(၂၀၁၉ စက်တင်ဘာ ၁၈)

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်ကော်-ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး တတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းခြင်း အခမ်းအနားကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပထမဦးစွာ လွိုင်ကော်-ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး နည်းပညာအကြံပေး ခေါင်းဆောင် ဒေါ်နော်ဂျူးလစ် က စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းဦး က စီမံကိန်းလုပ်ငန်းခွဲများအား လွှဲပြောင်းပေးအပ်ရာ ရှားတောမြို့နယ်ပညာရေးမှူး ဦးလှမြင့် က လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှမြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည် ဖော်ရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လွိုင်ကော်-ရှားတောမြို့နယ် တတိယနှစ် စီမံကိန်းစက်ဝန်းအတွက် ပညာရေးဆိုင်ရာအဆောက်အဦများ ဖြစ်သော အလယ်ပိုင်းကျေးရွာအုပ်စု၊ တင်လွယ်ကျေးရွာ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း၊ မြောက်ပိုင်းကျေးရွာ အုပ်စု၊ တနော်ကလုကျေးရွာ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ နမ်းအွမ်ကျေးရွာ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်းနှင့် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဒေါတနောကျေးရွာ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်း(၄)ခုကို မြို့နယ်ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။