ပြည်နယ်ဝန်ကြီးချုပ် မယ်စဲ့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ များ တွေ့ဆုံခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

17-9-2019-3 1

17-9-2019-3 2

17-9-2019-3 3

(၂၀၁၉ စက်တင်ဘာ ၁၇)

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံး တော့မည်ဖြစ်၍ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး စေရေး၊ ပြုပြင်ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိပါက ပြင်ဆင် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနများ အနေနှင့် လိုအပ်သည်များ ကွပ်ကဲကြပ်မတ်ဆောင်ရွက် နိုင်ရန် အတွက် (၁၇-၉-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ) နာရီ အချိန် မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ စုံလင်စွာတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ နယ်စပ်ကုန်သွယ် ရေးစခန်း သစ်တွင် ကုန်စည်များ စစ်ဆေးဆောင်ရွက်မှု အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းဟောင်းတွင် စုပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်မှု အခြေအနေများအား စိစစ်မေးမြန်း ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့ ဌာနအလိုက် ဆောင် ရွက်ပေးရသည့် အခြေအနေများနှင့် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များ၊ ပံ့ပိုးဆောင်ရွက်ပေးရန်အချက်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် မယ်စဲ့ မြို့နယ် အားကစားကွင်း အတက်လမ်းနှင့် ရေနုတ်မြောင်း လုပ်ငန်းများ၊ ကွင်းပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်သည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကယား ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ် ရှိ နယ်နိမိတ် ကျောက်တိုင် အမှတ်-၁၃ (Boundary Pillar 13 )(BP 13) သို့ သွားရောက်ခဲ့ပြီး လဝက စစ်ဆေးရေး စခန်း တည်ဆောက်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ နမ့်မန်းကျေးရွာသို့ သွားရောက်ပြီး အမက(နမ့်မန်း)ကျောင်းတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား/သူများ၊ မိဘဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေး ရန် အချက်များအား ဆွေးနွေး ပြောကြားခဲ့ပြီး ကျောင်း အတွက် လိုအပ်သည့် ကဏ္ဍများတွင် အသုံးပြုနိုင်ရန် အတွက် ရန်ပုံငွေကျပ် (၃)သိန်းတိတိအား ပေးအပ် ဆောင်ရွက်ခဲ့ပါသည်။