ခဲမဖြူကျေးရွာ၊ လမ်းပြကြယ်ဖြူ ဘော်ဒါဆောင်သို့ ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

17-9-2019-2 1

17-9-2019-2 2

17-9-2019-2 3

(၂၀၁၉ စက်တင်ဘာ ၁၇)

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာသင် ကျောင်း များတွင် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များအား ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အထူး အလေးပေး ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၁၇-၉-၂၀၁၉) ရက်နေ့ (၁၆၀ဝ)နာရီအချိန် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာရှိ လမ်းပြကြယ်ဖြူ ဘော်ဒါဆောင်သို့ သွားရောက်ခဲ့ပြီး အဆိုပါဘော်ဒါဆောင်မှ တာဝန်ရှိ သူများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ဘော်ဒါဆောင် တာဝန်ခံမှ ဘော်ဒါ၏ လိုအပ် ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးစေလိုသည့် အချက်များအား တင်ပြဆောင်ရွက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်မှ ကျောင်းသား/သူ များအတွက် (၁)ယောက် အိပ် ကုတင်(၁၀ဝ)လုံးဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေကျပ် (၆၀)သိန်း တိတိအား ထောက်ပံ့ပေးအပ် ခဲ့ရာ ဘော်ဒါတာဝန်ခံနှင့် တာဝန်ရှိသူများက လက်ခံ ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူ များ သိူ့ အအေးနှင့် မုန့်များ ဝေငှခဲ့ကြပါသည်။

လမ်းပြကြယ်ဖြူဘော်ဒါတွင် အခြေခံပညာကျောင်းများ တွင် အတန်းအသီးသီး၌ တက်ရောက်ပညာသင်ကြား လျက်ရှိသော ကျောင်းသား/သူ (၁၁၀)ဦး အား အခမဲ့ ဘော်ဒါစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ပရဟိတ ဘော်ဒါဆောင်တစ်ခုဖြစ်ပါသည်။