မယ်စဲ့မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား စတုတ္ထ(၃)လပတ်အတွက် ထောက်ပံ့ငွေများပေးအပ်

17-9-2019-1 1

17-9-2019-1 2

17-9-2019-1 3

(၂၀၁၉ စက်တင်ဘာ ၁၇)

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ကိုယ်ဝန် ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား စတုတ္ထ(၃) လ ပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) (၃)လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား (၁၇-၉- ၂၀၁၉) ရက်နေ့ (၁၀၃၀)နာရီအချိန် မယ်စဲ့မြို့၊ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် နှင့် ဇနီး ဒေါ်မြင့်မြင့်မော်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး ဒေါ်ဘောက်နန်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာ တွင် ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်ရခြင်းမှာ နိုင်ငံ့အကြီး အကဲများ အနေဖြင့် အနာဂတ် မျိုးဆက်ရင်သွေးငယ်များ အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ပြီး နိုင်ငံ့ တာဝန်များကို ကျရာ ကဏ္ဍများမှ ဆောင်ရွက်ခဲ့သည့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို အသိအမှတ်ပြု သည့် အနေဖြင့် ထောက်ပံ့ပေး ခြင်းဖြစ်ပါကြောင်း၊ စေတနာရောင်ပြန်ဟပ်သည့် သဘောဖြင့် နိုင်ငံ့အကျိုး၊ ပြည်နယ်အကျိုးအတွက် အကောင်းဆုံး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ငွေများ လက်ရောက်ပေးအပ်ဆောင်ရွက်ခဲ့ပြီး တက် ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ (၁၁၀ဝ)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။