“ကယားပြည်နယ် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ် ပေးအပ်ပွဲ အခမ်းအနား” ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

16-9-2019-3 1

16-9-2019-3 2

16-9-2019-3 3

(၂၀၁၉ စက်တင်ဘာ ၁၆)

ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများ ၏ စာပေနှင့် ယဉ်ကျေးမှုများ ပိုမိုတိုးတက်စေရေး၊ ထိန်း သိမ်းစောင့်ရှောက်ရေးစသည့် ကဏ္ဍများတွင် တတ်စွမ်း သမျှ အကောင်းဆုံး ့ဖည့်ဆည်း ဖော်ဆောင်ပေးလျက် ရှိရာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကယားပြည်နယ် အတွင်း အခြေခံပညာကျောင်း အသီးသီးတွင် သင်ကြား ပို့ချနိုင်ရေးအတွက် ကယားပြည်နယ် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များပေးအပ်ပွဲ အခမ်းအနားအား (၁၆-၉- ၂၀၁၉)ရက်နေ့ (၁၀ဝ၀)နာရီအချိန် လွိုင်ကော်မြို့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင် သာယာရေး နှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှု ကော်မတီအသီးသီးမှ ကိုယ် စားလှယ်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ အခမ်အနားသို့ ကြွရောက်လာသည့် တာဝန် ရှိသူများနှင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော် မတီ အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ ယနေ့ သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း တိုင်းရင်းသား စာပေ ပုံပြစာအုပ်များကို ပေးအပ်မှုများ အား ကြားသိရပါကြောင်း၊ အစိုးရ၏ လုပ်ဆောင်ချက် များ ပိုမို အသက်ဝင်ပီပြင်လာပြီ ဖြစ်ကြောင်း၊ တိုင်းရင်း သား ပုံပြပုံပြင်စာအုပ်များကို ပေးအပ်ပွဲကို မီဒီယာများ တွင် ကြားသိ တွေ့မြင် နေရကြောင်း၊ တိုင်းရင်းသားများ ၏ ရသင့်သည့် အခွင့်အရေးများကို နည်းလမ်းတစ်ကျ ရရှိအောင် ဆောင်ရွက်ပေးနေမှုကို မျက်ဝါးထင်ထင် တွေ့မြင်ရကြောင်း၊ မိမိအနေနှင့် ယင်းအခြေ အနေကို တွေ့မြင်ရ၍ လှိုက်လှဲစွာ ကြည်နူးရပါကြောင်း၊ ယခု ထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု ကဏ္ဍများကို ဖော်ထုတ်ရာတွင် စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပြီး အလှူရှင်၊ စေတနာရှင်များကို အသိအမှတ်ပြုရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု ကော်မတီ များအတွက် ရုံးများ ဆောင်ရွက်နိုင်ခဲ့ပြီး ရန်ပုံငွေများကို လည်း လျာထားနိုင်ခဲ့ကြောင်း၊ ပုံပြ ပုံပြင် စာအုပ်များကို ထပ်မံ ဆော်ငရွက်ပေးခြင်းဖြင့် ပြည်နယ်အစိုးရအတွက် အားအင်တစ်ရပ်ဖြစ် စေကြောင်း၊ နိုင်ငံတော်အကြီးအကဲ များ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခံစားရကြောင်း၊ သို့ဖြစ်ရာ တိုင်းရင်းသားကော်မတီများအနေနှင့် စိတ် ဓာတ်ခွန်အား ရရှိလိမ့်မည်ဟုယုံကြည်ကြောင်း၊ တိုင်းရင်း သားစာပေယဉ်ကျေးမှု ကော်မတီအသီးသီးအနေနှင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကောင်းသည်ထက် ကောင်းအောင် ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားများ၏ ပုံပြပုံပြင် စာအုပ်များကို ပြုစုတင်ပြမှုများကြောင့် ယခုလို အကောင် အထည် ဖော်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ် အတွက် တိုင်းရင်းသားစာပေ (၇)မျိုးဖြစ်သည့် ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော (ကော်ယော်)၊ ရှမ်း၊ မြန်မာ စသည့် တိုင်းရင်းသား ပုံပြင် စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအသီးသီးထံသို့ ပေးအပ်သွား မည် ဖြစ်ပြီး ပုံနှိပ်စာအုပ်ပေါင်း (၆၂၀၂၈)အုပ်ဖြစ်ပါကြောင်း၊ စာပေယဉ်ကျေးမှု ကော်မတီများအနေနှင့် ပုံပြပုံပြင် စာအုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် လိုပါကြောင်း၊ မိမိတို့၏ ဘာသာစာပေ များကို ပိုမို လေးစားမြတ်နိုးလာအောင်၊ စာပေယဉ်ကျေးမှုများကို မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်း၊ အစိုးရအနေနှင့် ပံ့ပိုးကူညီပေးရန် ရှိသည်များကိုလည်း တင်ပြ စေလိုကြောင်း၊ သို့မှသာ ပံ့ပိုးပေးရန် ရှိသည် ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းဖြင့် အဖွင့်အ မှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းက အခမ်း အနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း တင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များအား သက်ဆိုင်ရာတိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှုကော်မတီများထံသို့ ပေးအပ်ခြင်း၊ တိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းနှင့် လိုအပ်ချက်များ တင်ပြခြင်း၊ ကယားပြည်နယ် အစိုးရ အဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုး ဆွေမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်တရ မှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးကာ (၁၁၀ဝ)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။