လွိုင်ကော် ကက်သလစ်သာသနာ ရဟန်းဖြစ်သင်ကျောင်း သို့ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်း

16-9-2019-2 1

16-9-2019-2 3

16-9-2019-2 2

(၂၀၁၉ စက်တင်ဘာ ၁၆)

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကက်ကလစ် ဘုန်းတော်ကြီးကျောင်း၊ ရဟန်းဖြစ်သင် ကျောင်းသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ထောက်ပံ့ပေးအပ် ခြင်းအား (၁၆-၉-၂၀၁၉) ရက်နေ့ (၁၅၀ဝ)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေး နှင့် လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအား ရဟန်းလောင်းတစ်ပါးမှ ဆုမွန်တောင်း ၍ ဖွင့်လှစ်ခြင်း၊ လွိုင်ကော်ကက်သလစ် သာသနာ ဆရာ တော် စတီဖင်းကျေးဖဲမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အားပေး စကား ပြောကြားရာတွင် မိမိတို့ အစိုးရအနေနှင့် ဆရာ တော်နှင့် ရဟန်းလောင်းများအား တွေ့ဆုံခွင့်ရသည့် အတွက် ပီတိဖြစ်ရကြောင်း၊ အစိုးရတစ်ရပ်အတွက် ကောင်းမွန်သည့် ဆုတောင်းမှုများကိုလည်း များစွာ တန်ဖိုးထားပါကြောင်း၊ မိမိအနေနှင့် ယခုတာဝန်အား ပေးအပ်ခြင်း ခံရသူဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဝန်ကို ထမ်းဆောင်ရမည့်သူတစ်ဦးဖြစ်ပါကြောင်း၊ မိဘနေရာကို ရောက်ရှိနေပြီး မိဘတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး အားလုံးကို တပြေးညီ ဖြစ်စေရေး၊ သာတူညီမျှ ရှိစရေး အတွက် ကြိုးပမ်းနေပါကြောင်း၊ ယခုလို လှုူဒါန်းမှု ပြုလုပ် ခြင်းသည် ယခင်ကတည်းက ရှိခဲ့သည့် ခံယူချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြားသော ဘာသာ ရေးဆိုင်ရာ ပွဲတော်များ တွင်လည်း တတ်စွမ်းသမျှ လှူဒါန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယမန်နေ့က ပြုလုပ်ခဲ့ သည့် (၅)မြောင်းဆုံ တောင်သူများနှင့် တွေ့ဆုံပွဲမှ စတင်၍ ယခုလို လှူဒါန်းနိုင်ရန် အစပြုခဲ့ခြင်းဖြစ်ပါ ကြောင်း၊ တာဝန်ထမ်းဆောင်သည့် ကာလတွင် ဘာသာ သာသနာများကို ခွဲခြားသည့် စိတ်မရှိဘဲ အပြန်အလှန် တန်ဖိုးထားပါကြောင်း၊ မကြာမီရက်ပိုင်းများတွင်လည်း အခြားလှူဒါန်းရန် ရည်ရွယ်ထားသည့် နေရာများသို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခု ဆောက်လုပ်ဆောင်ရွက်နေသည့် ကျောင်းဆောင် ပြီးမြောက်ရေးအတွက်လည်း တတ်စွမ်းသမျှ ထည့်ဝင် လှူဒါန်းသွားမည်ကြောင်း၊ ဆရာတော်များအနေနှင့်လည်း ဘာသာသာသနာ၏ အဆုံးအမ များနှင့်အတူ အကောင်း ဆုံး ကြိုးပမ်းနိုင်ကြစေလိုကြောင်းဖြင့် အားပေးစကား ပြောကြား ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန်(၂၀)အိတ် ဆီ(၁၀) ပိဿာနှင့် ဆောက်လုပ်လျက်ရှိ သည့် ကျောင်းဆောင်တွင် ထည့်ဝင်ဆောင်ရွက်နိုင်ရန် အတွက် ငွေကျပ်(၅၀)သိန်းအား ပေးအပ်ဆောင်ရွက်ခဲ့ပြီး ဆရာတော်နှင့် ရဟန်းလောင်းများမှ လက်ခံဆောင်ရွက် ခြင်း၊ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ရဟန်းဖြစ်သင်ကျောင်းသို့ လက၊ ဖယ်ခုံ၊ တောင် ကြီး၊ တောင်ငူ၊ ကျိုင်းတုံ သာသနာများမှ ရဟန်းလောင်း အပါး(၃၀)မှ ပညာရပ်များ ဆည်းပူးလေ့လာလျက်ရှိ ကြောင်း သိရှိရပါသည်။