ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး (၇/၂၀၁၉) ကျင်းပပြုလုပ်

120919-4

120919-6

120919-5

(၂၀၁၉ စက်တင်ဘာ ၁၂)

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍများ ပိုမိုဖွံ့ဖြိုးလာစေရေး၊ ရင်းနှီးမြှုပ်မှု လုပ်ငန်းများ လုပ်ပိုင် ခွင့် လျှောက်ထားမှုများအား လုပ်ထုံးလုပ်နည်း၊ မူဝါဒ များနှင့်အညီ စနစ်တကျ ခွင့်ပြုပေးနိုင်ရေး အတွက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၁၉)အား (၁၂-၉-၂၀၁၉)ရက်နေ့ (၁၆၃၀) နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ (ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်) ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြားရာ တွင် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စတင်ဖော်ဆောင်စဉ်ကတည်းက အပြန် အလှန်အကျိုးအမြတ်ရရှိအောင် အလေးထားကြိုးပမ်း လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင် မည့် လုပ်ငန်းရှင်များကို ပါဝင်ဖိတ်ကြား ထားကြောင်း၊ ယင်းအတွက် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် ပိုမိုမြန်ဆန်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား မူဘောင်နှင့်အညီ ဖြစ်စေရေး အတွက် ဆောင်ရွက်သွား နိုင်မည်ဖြစ်ပြီး ခံစားပိုင်ခွင့် အကျိုးအမြတ်များ ရရှိလာ နိုင်မည်ဖြစ် ကြောင်း၊ ထို့ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေနှင့် တက်ကြွစွာ ဖြင့် လုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်ပေး နေပြီး အခြားမိတ်ဖက် ဌာနများအနေနှင့်လည်း အလား တူ ဆောင်ရွက်ပေးနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အဓိက အားဖြင့် မြေယာပြဿနာ ဖြစ်ပါကြောင်း၊ မြေယာ နှင့်ပတ်သက်၍ ခွင့်ပြုချက်များ သတ်မှတ် လုပ်ထုံး လုပ်နည်းများ နှင့်အညီ မြန်ဆန်စွာ ရရှိအောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ အလားတူ သက်ဆိုင်ရာတာဝန်ရှိ ဌာများအနေနှင့်လည်း သတ်မှတ် လုပ်ထုံးလုပ်နည်း များနှင့် အညီ မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးစေလို ကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများ အနေ နှင့်လည်း မိမိတို့၏ လုပ်ငန်းများအပေါ်တွင် အားစိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုးပမ်းပေးလျက်ရှိပြီး ပြည်ထောင်စုအဆင့်တွင် ကြန့်ကြာမှုများရှိပါကလည်း ပိုမို မြန်ဆန်အောင် ဆောင်ရွက်နိုင်ရေး တင်ပြလျက်ရှိ ကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် နိုင်ငံတော်မူဝါဒများ နှင့်အညီ အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ကျင်းပပြီးစီးခဲ့သည့် ကယားပြည်နယ်ရင်းနှီး မြှုပ်နှံမှု ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ပြီးစီးမှု များအား တင်ပြခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက် မည့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ(ကယားပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်) ဦးအယ် လ်ဖောင်းရှိုမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Pegu Travel Co.,Ltd မှ ဘန်ဂလိုတည်ဆောက်၍ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအတည်ပြုမိန့်အား ပေးအပ်ခြင်း၊ Hom Fa Home Co.,Ltd မှ ကလေးကစားကွင်းနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မည့် အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ Asian Window Travel & Tour Co.,Ltd မှ ဒီးမော့ဆိုမြို့နယ် တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ဆောင်ရွက် လိုမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင် ဦးလှမိုးမှ Kayah Traditional Resort တည်ထောင်ဖွင့်လှစ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက်လိုအပ်သည် များ အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး (၁၇၅၀)နာရီ အချိန် အစည်းအဝေး အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။