အသက် (၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ် အောက် ကလေးသူငယ် များ၏ စတုတ္ထ(၃)လပတ် အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ

120919

120919-2

120919-3

(၂၀၁၉ စက်တင်ဘာ ၁၂)

လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေး အပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၏ စတုတ္ထ(၃)လပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားအား (၁၂-၉-၂၀၁၉)ရက်နေ့ (၀၉၃၀)နာရီအချိန် လွိုင်ကော် မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အသက်(၈၅)နှစ် အထက် ဘိုး/ဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ ဖိတ်ကြားထား သူများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြားရာ တွင် ယနေ့ကျင်းပသည့် အခမ်းအနားသို့ ကြွရောက် လာသည့် တာဝန်ရှိသူများ၊ ထောက်ပံ့ငွေလက်ခံရယူမည့် ဘိုး/ဘွားများနှင့် ဖိတ်ကြားထားသူများ အားလုံး စိတ် ရောကိုယ်ပါ ချမ်းသာကျန်းမာပြီး နှလုံးစိတ်ဝမ်းအေးချမ်း ပါစေကြောင်း၊ ယနေ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်း အနား သည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း၊ ထောက် ပံ့ငွေပေးအပ်ခြင်း ရည်ရွယ်ချက်အနေနှင့် နိုင်ငံတော် အကြီး အကဲများ၏ စေတနာ၊ မေတ္တာများဖြင့် ရည်ရွယ် ချက် ကောင်းများဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အသက်ကြီး ဘိုး/ဘွားများအတွက် ကျန်းမာရေး စောင့်ရှောက်ရန် အတွက် လည်းကောင်း၊ အနာဂတ်ရင်သွေးငယ်များ အနေနှင့် ကျန်းမာသန်စွမ်းသည့် သားငယ် သမီးငယ် ကလေးများ ပေါ်ထွက်လာစေရန် ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းကို (၃)လတစ်ကြိမ် ပေးအပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ တာဝန်များကို နောင်တစ်ချိန်တွင် ပုခုံးပြောင်း ထမ်းဆောင်ကြမည့် မျိုးဆက်သစ် ကလေးငယ်များ အတွက် ရည်ရွယ်ချက် ကောင်းများဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် မသန်စွမ်းသူများအတွက်ကိုလည်း တစ်လလျှင် (၁)သောင်းကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ်ပေးအပ် ဆောင် ရွက်နေကြောင်း၊ အဓိကအားဖြင့် မိမိတို့ အစိုးရလက် ထက် တွင် ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက် များကို တတ်စွမ်းသမျှ ပံ့ပိုးပေး လျက်ရှိပြီး စိတ်ရင်း စေတနာမှန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး စေတနာသည် ရောင်ပြန်ဟပ်ပါကြောင်း၊ မိမိတို့နိုင်ငံတော်၏ ကောင်း ကျိုးများအတွက် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် ကျရာကဏ္ဍများမှ အကောင်း ဆုံးပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာမှ တာဝန်ရှိသူ တစ်ဦးမှ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့် အထက်အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းအား လက်ရောက် ပေးအပ် ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား (၁၀၀၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၈၅) နှစ်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် အိမ်တိုင်ရာရောက် လက်ရောက်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

လွိုင်ကော်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွား (၂၉၁)ဦး၊ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ် အောက် ကလေးငယ် (၃၂၃၆)ဦးတို့အား (၃)လပတ် အတွက် ထောက်ပံ့ငွေများ ပေးအပ်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရှိရပါသည်။