“ဖူးရင်ထူးခြား” စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဟင်္သာတိုင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

23-8-2019-2 1

23-8-2019-2 2

23-8-2019-2 3

(၂၀၁၉ သြဂုတ် ၂၃)

ဒီးမော့ဆိုမြို့နယ်၊ ဝမ်လထွားကျေးရွာတွင် တည်ထား ကိုးကွယ် လျက်ရှိသည့် “ဖူးရင်ထူးခြား စေတီတော်မြတ် ကြီးနှင့် အရန်စေတီတော် (၆၀)ဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း ဆောင်ရွက်နိုင်ရန်နှင့် ဟင်္သာ တံခွန်တိုင် တည်ထားနိုင်ရန်အတွက် ရန်ပုံငွေ ပေးအပ် လှူဒါန်းခြင်းအား ဒီးမော့ဆိုမြို့နယ်၊ ဝမ်လထွား ဘုန်းတော် ကြီးကျောင်း၌ (၂၃.၈.၂၀၁၉) ရက်နေ့ (၁၅၁၅)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလှူငွေဆက်ကပ်လှူဒါန်းပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ဒေါ်မြင့်မြင့်မော်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးဒေါ်ဖြူဖြူစိန်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါ်သန့်ဇင်ထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ “နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရား ကန် တော့ပြီး ဝမ့်လထွား ဘုန်းတော်ကြီး ကျောင်း၊ ဆရာတော် ထံမှ (၅)ပါးသီလ ခံယူဆောက်တည် ခဲ့ကြပါသည်။ ဆက် လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “ဖူးရင်ထူးခြား စေတီ တော်မြတ်နှင့် အရန်စေတီ (၆၀)ဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်အတွက် ငွေကျပ်(၆၀)သိန်း တိတိအား လည်း ကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီးဒေါ်မြင့်မြင့်မော် မိသားစုတို့မှ စေတီတော်ဝန်းအတွင်း ဟင်္သာတံခွန်တိုင် တည်ထား နိုင်ရန် အတွက် ငွေကျပ် (၂၅)သိန်းတိတိအား လည်း ကောင်း၊ အရံစေတီများ ထီးတော် တင်လှူပူဇော်ရန် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးညီညီမင်းနှင့် ဇနီး ဒေါ်ဖြူဖြူစိန် မိသားစုတို့မှ ငွေကျပ်(၁)သိန်း၊ ပြည်နယ် လမ်းဦးစီး ဌာန ညွှန်ကြား ရေးမှူး ဦးကျော်ထွန်းလင်း မိသားစုမှ ငွေကျပ်(၁)သိန်း၊ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှူး ဦးအောင်ဆန်းမိသားစုမှ ငွေကျပ်(၁)သိန်း၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှူး ဦးရဲနိုင်အောင် မိသားစုမှ ငွေကျပ်(၁)သိန်း၊ ပြည်နယ် ဟိုတယ်နှင့် ခရီး ညွှန်ကြားမှု ဦးစီးဌာနမှူး ဦးလင်းဇော်ထွဋ်နှင့် ဇနီးတို့မှ ငွေကျပ်(၁)သိန်း၊ လွိုင်ကော် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ဇနီး ဒေါ်သန့်ဇင်ထွန်း တို့ မိသားစုမှ (၁)သိန်း၊ ကိန္နရီ ကိန္နရာအထည်ဆိုင် မိသားစု ငွေကျပ် (၂)သိန်း စုစုပေါင်းအရံစေတီ (၈)ဆူထီးတော် တင်လှူရန် ငွေကျပ်(၈)သိန်းအား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရေစက် သွန်းချအမျှပေးဝေကာ အခမ်း အနား အား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့ပြီး အခမ်း အနားအား အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် “ဖူးရင် ထူးခြား စေတီတော်မြတ်အား ဖူးမြော်ကြည်ညို ကန် တော့ခဲ့ကြပါသည်။ အဆိုပါ “ဖူးရင်ထူးခြား စေတီ တော်မြတ်ကြီးသည် ဉာဏ်တော်(၅၄)ပေ ရှိပြီး ဉာဏ် တော် (၈) ပေရှိ အရန် စေတီငယ်(၆၀) ဆူ ဝန်းရံပူစော် ထားကြာင်းသိရှိရပါသည်။