ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနား သို့ ဝန်ကြီးချုပ် တက်ရောက် အားပေး

23-8-2019 1

23-8-2019 2

23-8-2019 3

(၂၀၁၉ သြဂုတ် ၂၃)

ရိုင်းပင်းကူညီ ကြက်ခြေနီ ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည့် လူငယ်မောင်မယ်များ တိုးတက် များပြားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ကယားပြည်နယ်အသင်းခွဲရုံးတွင် ရှေးဦးပြုစု ခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၂/၂၀၁၉)အား (၂၁-၈-၂၀၁၉)ရက်နေ့မှ (၂၃-၈-၂၀၁၉)ရက်နေ့အထိ သင်တန်းသား(၈)ဦးနှင့် သင်တန်းသူ(၂၁)ဦး စုစုပေါင်း (၂၉)ဦးဖြင့် ကယားပြည်နယ်ကြက်ခြေနီအသင်းခွဲရုံး၌ (၃)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၃-၈- ၂၀၁၉) ရက်နေ့ (ဝ၉၀ဝ)နာရီအချိန် ကယားပြည်နယ် ကြက်ခြေနီအသင်းခွဲ ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ်ကြက်ခြေနီအသင်းခွဲရုံးမှ တာဝန်ရှိသူနှင့် သင်တန်း သား/သူများ စုံလင်စွာတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကြွရောက် လာသည့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသူများ အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြ ပါစေ ကြောင်း၊ ယနေ့အခမ်းအနားသည် ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် ကြက်ခြေနီအသင်းရုံးတွင်ပြုလုပ်သည့်သင်တန်း သို့ ပထမဦးဆုံး တက်ရောက်သည့် အခမ်းအနားဖြစ်ပါ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းဖြစ်ပြီး အားလုံးအပေါ်တွင် သာတူညီမျှ ဖြစ် အောင် ပေါင်းစပ်ဆောင်ရွက်ပေးနေပါကြောင်း၊ နောင် တွင် ယခုထက်ပိုမို၍ အသင်းအဖွဲ့များအနေနှင့် လူထု အကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင် ရွက်နိုင်ရန်အတွက် အစိုးရအနေနှင့် ရင်းနှီးစွာထိတွေ့၍ ပံ့ပိုးပေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြိးအနေနှင့် ၁၉၂၀ တွင် အိန္ဒိယ ကြက်ခြေနီ အသင်း လက်အောက်ခံအဖြစ် စတင်၍ အသင်းကြီးမှ စတင်လှုပ်ရှားခဲ့သည်ကို တွေ့ရပြီး ၁၉၃၇ တွင် မြန်မာ နိုင်ငံကြက်ခြေနီအသင်းအဖြစ် ရပ်တည်ခဲ့သည်ကို သိရှိရ ပါကြောင်း၊ ရည်ရွယ်ချက်အနေနှင့် ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်၍ ဆောင်ရွက်နေပြီး ကဏ္ဍ ပေါင်းစုံတွင် သဘာဝဘေးများနှင့်ပတ်သက်၍ အထူး အလေး ထား၍ ပါဝင်ဆောင်ရွက်နေသည်ကို မြင်ရ ကြောင်း၊ ကောင်းမွန်မှန်ကန်သည့် ခံယူချက်နှင့် ရပ်တည် နိုင်မှသာလျှင် ယခုလိုလုပ်ငန်းများကို လုပ်နိုင်မည်ဖြစ် ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်သူများကိုလည်း အသိ အမှတ်ပြု မှတ်တမ်းတင် ပြောလိုပါ ကြောင်း၊ ကျန်းမာ ရေးအသိပညာပေး မြှင့်တင်ခြင်းလုပ်ငန်းများတွင်လည်း စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက် ပေးနေသည်ကို တွေ့မြင်ရကြောင်း၊ ရောဂါဘေးတားဆီးသည့် လုပ်ငန်း များတွင်လည်း သက်ဆိုင်ရာများနှင့်ပူးပေါင်း၍ အားတက် သရော ဆောင်ရွက်နေပြီး၊ ဘေးဒုက္ခများနှင့်ပတ်သက်၍ စစ်ဆေး၊ သဘာဝဘေးများတွင်လည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးနေသည်ကို မြင်ရကြောင်း၊ ၎င်းတို့ အနေ နှင့် လစာစရိတ်များ ရယူခြင်းမရှိဘဲ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ကို မြင်ရကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက် သင့်သလောက် ထိရောက်မှု ရှိစေရေးအတွက် အစိုးရ အနေနှင့် လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မြို့နယ် (၇)မြို့နယ်တွင် အသင်းခွဲများ ဖွင့်လှစ်နိုင်ရေး အတွက် ရုံးမြေနေရာများကို လျာထားဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဗဟိုအဖွဲ့နှင့် နှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ အားကိုယူ၍ ဆောင်ရွက်နိုင်ပါကြောင်း၊ ပံ့ပိုးမှုအနေနှင့် များသည်နည်း သည် မမှတ်ယူစေလိုကြောင်း၊ ဆက်လက်ပြီး အစိုးရ အနေနှင့် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အသင်းသူ/သားများ အနေနှင့် စိတ်ဓာတ်ခွန်အားများတိုးပွားလာစေလို၍ ပြောကြားပေးကြောင်း၊ ကြက်ခြေနီအသင်းခွဲ ရင်းမြစ် အင်အားများ တိုးပွားလာစေရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အလားတူ လုပ်အားစေတနာရှင်များလည်း တိုးတက် များပြားလာရန်လိုပြီး ပရဟိတအသင်းအဖွဲ့ဝင် များမှ လည်း ကြက်ခြေနီအသင်းဝင်ဖြစ် လာအောင် စည်းရုံ ဆောင်ရွက်နိုင်ရန် လိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက် နိုင်မည်ဆိုပါက အင်အားတစ်ရပ် ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် ပူးပေါင်း ပါဝင်ရေး ကဏ္ဍများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားကြရန်ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆောင်ပုဒ်ဖြစ်သည့် ရိုင်းကူညီကြက်ခြေနီဟူသော ဆောင် ပုဒ်နှင့်အညီ ပြည်နယ်အကျိုးကို ကြိုးပမ်းကြစေလို ကြောင်း ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် Irrawaddy Green Tower Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးမှ ရှေးဦးပြုစုနည်း( အခြေခံ)သင်တန်း ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သူများကိုယ်စား အသင်းသူ တစ်ဦးအားအား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် အသင်းသား (၁)ဦး အား ကြက်ခြေနီတပ်ဖွဲ့သုံး ဆေးအိတ်များ ပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ် ကြက်ခြေနီ အသင်းခွဲရုံးမှ တာဝန်ရှိသူတစ်ဦီးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား၍ (ဝ၉၃၀)နာရီအချိန်တွင် အခမ်း အနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းဆင်းပွဲသို့ တက်ရောက်လာသည့် သင်တန်းသား/သူများအား ရင်း ရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်တန်းသား/သူများ အတွက် သင်တန်းထောက်ပံ့ကြေးငွေကျပ် (၁)သိန်း တိတိအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။