ပြည်နယ်ဝန်ကြီးချုပ်မှ စံပြသင်တန်းသားဆုရရှိသည့်အတွက် ဂုဏ်ပြုဆုချီးမြှင့်

21-8-2019 1

21-8-2019 2

21-8-2019 2

၂၀၁၉ သြဂုတ် ၂၁

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာတွင် စံပြသင်တန်းသားဆုရရှိသည့်အတွက် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉း၃၀ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ (၈-၉-၂၀၁၅)ရက်နေ့မှ (၁၁-၁၁-၂၀၁၅) ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၃၂)တွင် စံပြသင်တန်းသားဆုရရှိခဲ့သော ဖားဆောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မြင့်ဦးနှင့် (၁၇-၇-၂၀၁၇) ရက်နေ့မှ (၈-၉-၂၀၁၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၁၇)တွင် စံပြသင်တန်းသားဆုရရှိခဲ့သော ဖားဆောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးကျော်သူရတို့အား ဂုဏ်ပြုဆုငွေကျပ် ၂ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။

ထို့နောက် ဂုဏ်ပြုဆုရရှိခဲ့သည့် ဒုတိယဦးစီးမှူး ဦးဇော်မြင့်ဦးနှင့် ဦးစီးအရာရှိ ဦးကျော်သူရတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။