ဟိုဖကျေးရွာ သောက်သုံးရေရရှိရေး လုပ်ငန်းအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

20-8-2019-2

(၂၀၁၉ သြဂုတ် ၂၀)

မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာသည် နှစ်စဉ်ရေရှားပါးမှု များ ကြုံတွေ့နေရပြီး ပြည်သူများ အနေဖြင့် ရေအခက် အခဲများ အဆင်ပြေစေရန်အတွက်ကူညီ ဆောင်ရွက်ပေး ရန်တင်ပြခဲ့မှုအပေါ် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ဦးစီးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို သည် (၂၀-၈-၂၀၁၉)ရက်နေ့ (၁၆၃၀)နာရီ အချိန်တွင် ငွေကျပ်သိန်း (၁၅၀)တိတိအား ၎င်း၏ရုံးခန်း၌ ပေးအပ်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်ကြီးကြပ်မှု ကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် ရေရှည် ထိန်းသိမ်း ရေးကော်မတီမှ တာဝန်ရှိသူများမှ လက်ခံ ဆောင်ရွက်ခဲ့ပါသည်။