ဟိုယာဒေသအတွက် ဆန်ရိက္ခာများထောက်ပံ့လှူဒါန်း

13-8-2019-1 1

13-8-2019-1 2

13-8-2019-1 3

(၂၀၁၉ သြဂုတ် ၁၃)

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှု စစ်ဌာန ချုပ်(လွိုင်ကော်)တို့ပူးပေါင်းပြီး ဟိုယာ ဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဆန်ရိက္ခာများ ထောက်ပံ့သွားမည်ဖြစ်ရာ ဆန်အိတ်(၁)အိတ်လျှင် (၂)သောင်းကျပ်နှုန်းဖြင့် ဆန် အိတ် (၁၀ဝ)အိတ်အတွက် ငွေကျပ်(၂၀)သိန်းတိတိအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုမှ (၁၃-၈-၂၀၁၉) ရက်နေ့တွင် ၎င်း၏ရုံးခန်း၌ ရန်ပုံငွေကျပ်သိန်း(၂၀)အား ပေးအပ်ဆောင်ရွက်ခဲ့ရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ ဗိုလ်ကြီး ထက်အောင်က လက်ခံဆောင်ရွက်ခဲ့ပါသည်။