ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

13-8-2019 1

13-8-2019 2

13-8-2019 3

(၂၀၁၉ သြဂုတ် ၁၃)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားများ၏ စာပေ နှင့်ယဉ်ကျေးမှု ကဏ္ဍများ၊ တိုင်းရင်းသားများ၏ အခွင့် အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့် ဓလေ့ထုံး တမ်းများ ပြုစုပေးထောင်ပေးခြင်းစသည့် ကဏ္ဍများအား အထူးအလေးပေး၍ ဆောင်ရွက်လျက်ရှိရာ ကယားပြည် နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများ ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲအား (၁၃-၈- ၂၀၁၉)ရက်နေ့ (ဝ၉၀ဝ) နာရီ အချိန် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်း သား ကော်မတီ အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုံလင်စွာတက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြား ရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲ အခမ်း အနား သို့ ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ် ကြားထားသည့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ယနေ့ အခမ်းအနားကို ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြသူများ အားလုံးကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ မိမိတို့ပြည်နယ်တွင် တိုင်းရင်းသားများ ၏ အရေးနှင့်ပတ်သက်၍ သုံးသပ်ကြည့်မည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများသည် တစ်စထက်တစ်စ ပိုမို တိုးတက်နေပြီဖြစ်ပါကြောင်း၊ တိုင်းရင်း သားခေါင်း ဆောင်များ၏ အခန်းကဏ္ဍသည် အရေးပါပြီး သိသာပေါ် လွင်ပါကြောင်း၊ ၎င်းတို့၏ ပူးပေါင်းချိတ်ဆက်မှုများ ပိုမိုကောင်းမွန် ခိုင်မာလာကြောင်း၊ တိုင်းရင်းသားများ အားလုံး ရင်းနှီး နွေးထွေးစွာဖြင့် လက်တွဲပူးပေါင်းပေး သည့် ဌာနများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းဖြင့် အောင်မြင် လာခြင်းမဟုတ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ တစ်ဖွဲ့တည်းနှင့် ပြည်နယ်တိုးတက်အောင် ဆောင်ရွက်၍ မရကြောင်း၊ ယခုလို အအခြေအနေကောင်းများကို ဆက် လက်ထိနိ်းသမ်းပြီး အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ယနေ့ အခမ်းအနား ကို ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကဏ္ဍတွင် အားနည်း ချက်၊ အားသာချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်းအပြင် ကော်မတီများ အနေ နှင့် မိမိတို့ကော်မတီ အလိုက် အားသာချက် အားနည်း ချက် များကို သုံးသပ် ဆောင်ရွက်မည်ဟု သိရှိရပြီး ဆွေးနွေးပွဲရလဒ်များ နှင့် ပတ်သက်၍ ပြည်နယ်အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာန များ ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကျေအလည် ဆွေးနွေးစေလိုကြောင်း၊ ပညာရေးနှင့် စပ်လျဉ်းသည့် ကဏ္ဍများနှင့်ပတ်သက်၍ ပညာရေးဌာနမှ ပါဝင်ဆွေးနွေး ရန် လိုပါကြောင်း၊ ထို့အတူ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဆွေးနွေးမည်ဆိုပါကလည်း သက်ဆိုင်ရာ ဌာနမှပါဝင် ဆွေးနွေး ပေးရမည်ဖြစ်ရာ ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဌာနများမှ သက်ဆိုင် သည့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေး ပေးရမည်ဖြစ် ကြောင်း၊ ကော်မတီများအနေနှင့် အချိန်ကုန်ရကျိုးနပ် စေလိုပါကြောင်း၊ ကော်မတီများအနေနှင့် ကနဦး အစီ အမံကြမ်းများကို ရရှိပြီး သက်ဆိုင်ရာဝန်ကြီးများ ဦးစီး၍ အချောသပ်ပြီး Cabinet တွင် တင်ပြဆောင်ရွက်မည် ဆိုပါက ပိုမိုပြည့်စုံကောင်းမွန်နိုင်မည်ဖြစ်ကြောင်း၊ ယခုလိုတင်ပြခြင်းသည် ပိုမို သင့်လျော်ကောင်းမွန်ပြီး ဖြစ်ထွန်းအောင်မြင်စေလို၍ ဖြစ်ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ စေတနာကို လည်း နားလည်စေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် မိမိတို့အစိုးရအနေနှင့် (၃)နှစ်ကျော်ကာလ တာဝန်ယူခဲ့ပြီး အစိုးရ တစ်ဖွဲ့တည်းဖြင့် လုပ်ငန်းစဉ်များ ကို သွားနေခြင်း မဟုတ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက် ၍ လည်းမရ ကြောင်း၊ မူဝါဒများနှင့်အညီသာ ဆောင်ရွက် နေပြီး မိမိတို့အနေနှင့် မိမိတို့အစိုးရတစ်ရပ်ကို အမြဲသုံး သပ် နေပါ ကြောင်း၊ အခြားတိုင်းဒေသကြီးများ၊ ပြည်နယ် များထက်စာလျှင် မိမိတို့ပြည်နယ် သည် တိုင်းရင်းသား စာပေယဉ်ကျေးမှုကဏ္ဍတွင် ပိုမိုတိုးတက်အောင် ဆောင် ရွက်ပေးနေပြီး ပိုမို အောင်မြင်မှုရရှိနေပါကြောင်း၊ Grade 3 အတန်းအထိ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲ နိုင်ပြီး မကြာမီ သင်ကြားပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေနှင့် လုပ်နိုင်စွမ်းများနှင့်ပတ်သက်၍ ဂုဏ်ယူနေ ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်လက်တွေ့ကျစွာဖြင့် စိတ်ရင်းစေတနာမှန်ဖြင့် ပြုလုပ်နေခြင်းဖြစ်ရာ ဆက်လက် ၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုထက် ပိုမိုအားကောင်းသည့် လုပ်ဆောင်ချက်များ၊ ပိုမိုအား ကောင်းသည့် စုဖွဲ့မှုများဖြင့် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားဦးစီးဌာနများအနေနှင့် မြို့နယ် များသို့ ကွင်းဆင်း၍ ကြိုးပမ်းဆောင်ရွက်နေမှုများကို လည်း အသိအမှတ်ပြုပြောလိုပါကြောင်း၊ မိမိတို့ပြည်နယ် နှင့် ထိုက်တန်သည့် အရွေ့တစ်ကိုရရှိနေ ကြောင်း၊ မိမိတို့ ပြည်နယ်အနေနှင့် အခြေခံကောင်းများ နည်းပါးခဲ့သော် လည်း ယခုအခါ ယင်းအချက် များကို စိတ်ရှည်သည်းခံ၍ လက်တွဲခေါ်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ် မောင်မယ်များ အတွက် အမွေကောင်းများပေးခဲ့ရမည် ဖြစ်ရာ အားလုံး က ဝိုင်းဝန်းကြိုးပမ်းပေးကြစေလို ကြောင်း၊ မိမိတို့ပြည်နယ်သည် ပြည်ထောင်စု၏ အစိတ် အပိုင်းတစ်ခုဖြစ်ရာ ယင်းမှန်ကန်သောအသိတစ်ခုကို လူငယ်များသိရှိအောင်ပြောပြရမည်ဖြစ်ကြောင်း၊ ကောင်း မွန် မှန်ကန်သော လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း၊ အခြားတိုင်း/ပြည်နယ်များနှင့် ရင် ပေါင်တန်း၍ ဆောင်ရွက်နိုင်ရ မည်ဖြစ်ကြောင်း၊ မိမိအနေ နှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို မူဘောင်များနှင့် အညီ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မိမိတို့ပြည်နယ်တွင် ကယန်းတိုင်းရင်းသား များ သည် လူဦးရေ ဒုတိယအများဆုံးဖြစ်ပြီး ကိုယ်စား လှယ်တစ်ဦးထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ကြရမည် ဖြစ်ကြောင်း၊ အလားတူ ရှမ်းတိုင်းရင်းသားများနှင့် ကရင် တိုင်းရင်းသားများလည်း များစွာရှိ သည်ဖြစ်ရာ၊ ယင်း အချက်ကို သက်ဆိုင်သူများပူးပေါင်း၍ လက်တွေ့ကျကျ ပူးပေါင်းဖော်ဆောင် ကြစေလိုကြောင်း၊ သို့ဖြစ်ရာ သက် ဆိုင်ရာဌာနများအနေနှင့် တိုင်းရင်းသားကော်မတီများနှင့် ပူးပေါင်း ၍ တိုင်းရင်းသားများ၏ အရေး၊ ရှေ့လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်နိုင် ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းမှ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များအား ရှင်း လင်းပြောကြားခြင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မ တီ(၁၁)ဖွဲ့ အတွက် တစ်ဖွဲ့လျှင် မတည်ရန်ပုံငွေကျပ် (၅) သိန်းနှုန်းစီဖြင့် စုစုပေါင်းငွေကျပ် (၅၅)သိန်းအား မတည် ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုကော်မတီများ မှ လက်ခံဆောင်ရွက်ခဲ့ ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားအား (ဝ၉၄၀) နာရီအချိန်တွင် အောင် မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အစီအစဉ်ဒုတိယပိုင်းတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ မိမိတို့၏ စာပေ ကိစ္စများ နှင့်ပတ်သက်၍ တင်ပြခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများက ရှေ့ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်းများအား သက်ဆိုင်ရာဌာနများနှင့် အတူ ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။