ဆောင်ဒူလာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ရပ်မိ/ ရပ်ဖများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

128-4

128-5

128-6

(၂၀၁၉ ဩဂုတ် ၁၂)

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးသို့ သွားရောက်ပြီး ပြည်သူများ၏ လိုလားချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ဖော်ဆောင်ပေးလျက်ရှိရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို သည် (၁၂-၈-၂၀၁၉) ရက်နေ့ (၁၁၃၀)နာရီ အချိန် တွင် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆို ဘုရားကျောင်းရှိ ခန်းမဆောင်၌ ဆောင်ဒူလာကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံရာတွင် ကျေးရွာနေရပ်မိရပ်ဖပြည်သူများမှ ဆော် ပထန်ကျေးရွာရှိ ကျွဲ၊ နွားများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် ရွာဘေးမြေသားကန်အား တိုးချဲ့ပြင်ဆင် ပေးစေလို ကြောင်း၊ ဆော်ပထန်ကျေးရွာ လယ်ယာကုန် ထုတ်လမ်း မြေဖို့မြေသားလမ်းအား ဆောင်ရွက်ပေး စေ လိုကြောင်း၊ ဒေါတဝီကျေးရွာနှင့် ယူဆမိုဆိုကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်း ခင်းပေး စေလို ကြောင်း၊ ငံရိုးကျေးရွာတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပေ ၄၀၀၀ အား တိုးချဲ့ ဆောင်ရွက်ပေးစေ လိုကြောင်း၊ ဒေါ တဝီကျေးရွာတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပေ(၆၀၀၀) အား တိုးချဲ့ ဆောင်ရွက်ပေးစေ လိုကြောင်း၊ ခူးပရာ ပတိုငံကျေးရွာ တောင်ဖက်ရေချောင်း တိမ်ကော်နေသဖြင့် ပြုပြင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ခူးပရာပတိုငံ ကျေးရွာ အတွင်း ကျောင်းသားဦးရေများပြား လာသည့် အတွက် ကျောင်းဆောင်အခက်အခဲရှိသဖြင့် ကျောင်း ဆောင် သစ်တစ်ဆောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဆီးသင်းကုန်းနှင့် ကွိုင်ငံရွာသစ် ကျေးရွာချင်းဆက်လမ်း အား ကျောက်ချောလမ်း အဖြစ် ပြုပြင်ပေးစေလို ကြောင်း၊ ယူဆမိုဆိုကျေးရွာတွင် လျှပ်စစ်နှင့် ရေပိုက် သွယ်တန်းပေးစေလို ကြောင်း၊ ယူဆမိုဆိုကျေးရွာတွင် လယ်ယာသို့သွားသောလမ်းအား ရေကျော်တံတား ဆောင်ရွက်ပေး စေလိုကြောင်း၊ ကွိုင်ငံကျေးရွာ ရေထွက် ပေါက်မှ အိမ်တိုင်ရာရောက်ရေပိုင်လိုင်းနှင့် ရေမီတာစနစ် ဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ယူဆမိုဆိုကျေးရွာနှင့် ကွိုင်ငံရွာသစ် ရွာချင်းဆက်လမ်းအား ကျောက် ချောခင်း ပေးစေလိုကြောင်း၊ အေနောင်ပုလဲကျေးရွာနှင့် လေးမိုင် မြေနီကုန်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောခင်း ပေးစေလိုကြောင်း၊ ထို့အပြင်ဆိုဒဲ့ခူကျေးရွာတွင် ဘောလုံး ကွင်းမရှိသဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျေးရွာ အုပ်စုဘောလုံးကွင်းအား ပြုပြင်ပေးစေလိုကြောင်း၊ ဆောင်ဒူလာကျေးရွာနှင့် ဆီးသင်းကုန်းကျေးရွာမှ နန်းစံဖူး ရေချောင်းပိုက်လိုင်း သွယ်တန်းပေးစေလို ကြောင်း၊ ထူလွီးဘီလာ-ခူးပရာပတိုငံ-ငံရိုးကျေးရွာချင်းဆက် ပြုပြင် ပေးစေလိုကြောင်း၊ ၂၀၀၅ ခုနှစ် ကတည်းက ရွာလယ်လမ်း အားကျပ်(၁၂)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပျက်စီးနေပြီဖြစ်ရာ အထက(ခွဲ)ကျောင်း သွား လမ်းဖြစ်ပြီး အသုံးပြုမှု များပြားသည့်အတွက် အဆိုပါ လမ်းအား ပြန်လည် အသုံးပြုနိုင်ရေး ပြုပြင်ပေးစေလိုပြီး ပေ(၃၄၀၀)ခန့်ရှိကြောင်း၊ ပြန်လည်ဆောင်ရွက် ပေးနိုင် မည် ဆိုပါက ဆောင်ရွက်ပေးစေလိုပြီး ပညာရေးကဏ္ဍ တွင်လည်း အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း တင်ပြ ခဲ့ပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြေရှင်းဆောင် ရွက် ပေးမည့်အခြေအနေများ၊ ရန်ပုံငွေ လျာထားဆောင် ရွက်မည့် အခြေအနေများ၊ ဌာနများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးမည့် အခြေအနေ များအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား (၁၂၄၅)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တင်ပြချက်ပါ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်း ဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ငွေတောင်ဆည်ရေထိန်း တမံအတွင်းသို့ နန်းစံဖူးရေထွက်နှင့် ကွိုင်ငံရေထွက်တို့မှ ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဆည် မြောင်းဦးစီးဌာနမှူးမှ ရေထိန်းတမံနှင့် စပ်လျဉ်းသည့် လုပ်ငန်း ဆိုင်ရာအခြေအနေများအား အသေးစိတ် တင်ပြ ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရပါသည်။