ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရေထွက်ဦးနေရာများတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်

128

128-2

128-3

(၂၀၁၉ ဩဂုတ် ၁၂)

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရေထွက်ဦးဒေသများဖြစ် သည့် နန်းစံဖူးရေထွက်ဦးနှင့် ကွိုင်ငံ ရေထွက်ဦးနေရာများ တွင် ငါးသယံဇာတများ ပိုမိုတိုးပွား ရရှိစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား (၁၂-၈-၂၀၁၉) ရက်နေ့တွင် အဆိုပါရေထွက်နေရာများ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည် နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများမှတက်ရောက်၍ နန်းစံဖူးရေထွက် တွင် ငါးမျိုးစိုက်ထည့် ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဆည်မြောင်း ဦးစီးမှူးမှ နန်းစံဖူး ရေထွက် ဦးအနီးရှိ ဆည်ရေသောက် လယ်ယာမြေများနှင့် စပ် လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ နန်းစံဖူး ရေထွက်မှလာသော နန်းစံဖူးချောင်းနှင့် ချောင်း ပေါ် ရှိ ရေလွှဲဆည် ( ၅) ခုမှ စိုက်ပျိုးရေပေးဝေမှု အခြေ အနေ များ၊ နန်းစံဖူးရေနှင့် ဆက်စပ်လျက်ရှိသော ရေစီး ရေလာအခြေအနေများအား နန်းစံဖူးရေထွက်နှင့် ရေလွှဲ ဆည် (၁) အနီးတွင် ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်မှ မိုးတွင်း ကာလရေကြီး၊ ရေလျှံမှုများ ကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး အတွက် နန်းစံဖူး ချောင်း (မြောင်း)အား သဲနှုံးများ တူးဖော်ခြင်း ပုံစံကျ တူးခြင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွိုင်ငံရေထွက်ဦး နေရာသို့ ရောက်ရှိပြီး ငါးမျိုးစိုက် ထည့်ဆောင်ရွက်ခဲ့ကာ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုး စိုက်ထည့်ရန် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ အတွက် ငွေကျပ်(၁)သိန်း ထောက်ပံ့ပေး အပ်ဆောင်ရွက် ခဲ့ပါသည်။