လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်

120819

120819-2

120819-3

(၂၀၁၉ ဩဂုတ် ၁၂)

ကယားပြည်နယ်အစိုးရအဖွဲ့ အနေနှင့် ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိပြီး လက်မှု လယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေပြီဖြစ်ရာ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ မောင်းနှင်နိုင်စေပြီး စက်မှုလယ်ယာ စနစ် အောင်မြင်ဖြစ်ထွန်းရုံမျှမက တောင်သူဦးကြီးများ အချိန်ကုန် သက်သာစွာဖြင့် မိမိလယ်ယာ လုပ်ငန်းများမှ ဝင်ငွေ တိုးတက်လာစေရေးအတွက် လယ်ယာသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/ ၂၀၁၉) အား (၁၂-၈-၂၀၁၉) ရက်နေ့ (၀၉၀၀)နာရီ အချိန် ဒီးမော့ဆိုမြို့နယ်၊ အမှတ်(၈၆) စက်မှုလယ်ယာစခန်း(ခွဲ) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် သင်တန်းသား/သူ များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် သင် တန်းသား/သူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါ စေကြောင်း၊ မိမိတို့ ကယားပြည်နယ်အနေနှင့် စိုက်ပျိုး ရေး ကဏ္ဍကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လက်မှု လယ်ယာမှ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ အကန့်အသတ်များ ရှိနေသည်ဖြစ်ရာ အစိုးရ အနေနှင့် ဘဏ္ဍာရန်ပုံငွေများ အကန့်အသတ်နှင့် ရှိပြီး ပြည်သူများအနေနှင့် အရင်းအနှီးများ အကန့် အသတ်နှင့် ရှိနေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အစိုးရတစ်ရပ် အနေနှင့် ပြုလုပ်ပေးနိုင်သည့် ကဏ္ဍများကို တစ်ဆင့်ချင်း ဆောင်ရွက်ပေးနေပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေနှင့် တောင်သူများ အတွက် စီမံပေးထားသည့် အခြေအနေများကို ချပြဆောင်ရွက်စေလိုကြောင်း၊ ယခုလာမည့် နှစ်တွင် ယခင်နှစ်များထက်ပိုမို၍ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွင် ဘဏ္ဍာငွေ လျာထားမှု ပိုမိုများပြား သည်ကို အသိပေးလိုပါကြောင်း၊ ဝယ်ယူထားသည့် စက် ယန္တရာများကို မောင်းနှင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း များကို ယခုသင်တန်းတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်း သားများအနေနှင့် ကြိုးစားသင်ယူစေ လိုပါကြောင်း၊ ယခု သင်တန်းရလဒ်ကိုကြည့်ရှုပြီး နောင်တွင်လည်း ဆက်လက် ၍ အကောင်အထည် ဖော်ပေးရန် လိုပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှတ်စု များကိုလည်း ဖြန့်ဖြူးပေး သွားမည်ဖြစ်ပြီး သင်တန်းသားများ အနေနှင့်လည်း ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ ပြည်နယ်တွင် စက်ယန္တရားကြီးများ ပိုမိုသုံးစွဲလာသည်နှင့် အမျှ လုပ်ငန်းများ ပိုမိုထိရောက်လာမည်ဖြစ်ရာ ပြည်နယ် အစိုးရထံသို့ တင်ပြရန်ရှိသည်ကိုလည်း တင်ပြစေလို ကြောင်း၊ သို့မှသာ ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အစေ့ထုတ်ပြောင်း မျိုးစေ့ချ ကိရိယာ၊ ပြောင်း ဖူးရိတ်သိမ်းချွေလှေ့ ကိရိယာများကိုလည်း ဝယ်ယူပေး ထားသည်ကို အသိပေးလို ကြောင်း၊ အဆိုပါစက်များ သည် ဒေသခံပြည်သူများအတွက် လိုအပ်ချက်အရ ပြည် နယ်အစိုးရအဖွဲ့မှ ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာသူ များအနေနှင့် ပို့ချချက်များကို အကောင်းဆုံးသင်ယူပြီး မိမိတို့ အကျိုးအတွက်ရော ပြည်နယ်အကျိုးအတွက် အကောင်းဆုံးဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့် မှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စက်မှုလယ်ယာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ သင်တန်းသားများအတွက် သင်ထောက်ကူ သင်ရိုးမှတ်စု စာအုပ်များ ပေးအပ်ဆောင်ရွက်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး လယ်ယာသုံး စက်ကိရိယာများ အသုံးပြုပုံအား သရုပ်ပြ ရှင်းလင်းမှုအား ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား (၀၉၃၀)အချိန်တွင် အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ Drone စပ်းသပ်ခြင်း သရုပ်ပြ ကွင်းတွင် Drone ဖြင့် စမ်းသပ်ပျံသန်း ဆေးဖျန်း ဆောင် ရွက်မှုအား လေ့လာကြည့်ရှု အားပေးခဲ့ကြပါသည်။ တောင်သူဦးကြီးများအနေဖြက့် အဆိုပါ Drone ဖြင့် ဆေးဖျန်းခြင်း ဆောင်ရွက်လိုပါက တစ်ဧကလျှင် ငွေကျပ် (၅၀၀၀) နှုန်းဖြင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနတွင် ငှားရမ်း အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။