တက္ကသိုလ်များ(လွိုင်ကော်) ဒုတိယအကြိမ် “ပအိုဝ်း မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနား” သို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

11819

11819-2

11819-3

(၂၀၁၉ ဩဂုတ် ၁၁)

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေး မှု ကော်မတီ တက္ကသိုလ်များ လွိုင်ကော် (ဒုတိယအကြိမ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုပေးပွဲ အခမ်း အနားအား (၁၁-၈-၂၀၁၉) ရက်နေ့ (၀၉၃၀) နာရီအချိန် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက် ရောက်လာသည့် ပအိုဝ်းတိုင်းရင်းသား လူငယ်/မောင်မယ် များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင် စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအား တက္ကသိုလ်များ(လွိုင်ကော်) ပအိုဝ်းကျောင်းသားသူများ အဖွဲ့မှ ပအိုဝ်းရိုးရာ ဗုံမောင်း အကပဒေသာဖြင့် ညီညာတက်ကြွစွာ သီဆိုကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်း၊ ပအိုဝ်းအမျိုးသားအလံအား အလေး ပြုခြင်းနှင့် ပအိုဝ်းအမျိုးသားသီချင်း သီဆိုခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်လာ သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပအိုဝ်းအမျိုးသား ခေါင်း ဆောင်များနှင့် ပအိုဝ်းလူငယ် မောင်မယ်များအားလုံး ကိုယ်ရောစိတ်ပါကျန်းမာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြ ပါစေကြောင်း၊ ယနေ့ အခမ်းအနားကို တွေ့မြင်ရသည်မှာ စုစည်းမှု၊ နွေးထွေးမှုအသွင်သဏ္ဍန်များကို တွေ့မြင်ရပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုလို စုစည်းနွေးထွေးမှုများ လိုအပ်နေကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် ယင်းအခြေအနေများရှိပြီး စေတနာမေတ္တာများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုလို ပြည်ထောင်စု အသွင်ဆောင်သည့် စုစည်းနွေးထွေးမှုများကို နောင်တွင် လည်း ဆက်လက်ပူးပေါင်း ဖော်ဆောင်ကြစေလိုပါ ကြောင်း၊ ယနေ့အခမ်းအနားသည် ပအိုဝ်းမောင်မယ် သစ် လွင်များကို ကြိုဆို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပြီး ပအိုဝ်းအမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို ပြသခြင်း လည်း ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မိမိ လူမျိုး စည်းလုံးဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နမူနာ ကောင်း များ ဖြစ်ပြီး မိမိတို့လူမျိုးများ ဖွံ့ဖြိုးရေးအတွက် ပညာတတ် အနာဂတ်လူငယ် မောင်မယ်များ ကို မွေးထုတ်နိုင်ရေး ကြိုးပမ်းမှုသည် များစွာကောင်းမွန်ပါကြောင်း၊ လူမျိုး တင့်ဖို့ ပညာမြင့်ဖို့ ဆိုသည်မှာ ပညာရေးသည် အခြေခံ ကျပါကြောင်း၊ ယခုလို ဂုဏ်ပြုခြင်း၊ ကြိုဆိုခြင်းများကို ပြုလုပ်ဆောင်ရွက်မှု အပေါ်လေးစားမိပါကြောင်း၊ လူငယ် များကို နေရာပေးရမည်၊ လက်တွဲခေါ်ရမည်ဖြစ်ရာ ယနေ့ အခမ်းအနားသည် ကောင်းမွန်သည့် ရည်ရွယ်ချက်များ ဖြင့် ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ တက္ကသိုလ်အသီးသီး တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများအား နှစ်စဉ် ပြုလုပ် လျက်ရှိပါကြောင်း၊ အဆိုပါ အခမ်းအနားများကိုလည်း အလားတူ ရည်ရွယ်ချက် ကောင်းများဖြင့် ပြုလုပ်နေမည် ကို ယုံကြည်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ်သည် ဝိဇ္ဖာ သိပ္ပံပညာရပ်များ လေ့လာဆည်းပူးနိုင်သည့် တက္ကသိုလ် ကြီး ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာများ သင်ကြား ပို့ချလျက်ရှိသည့် တက္ကသိုလ်များတွင်လည်း ပညာရှင် များ၊ အတတ်ပညာများရှင်များ ပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်နေကြမည်ဖြစ်ကြောင်း၊ အခွင့်အရေး များည် ကဏ္ဍအလိုက်၊ အခြေအနေ အချိန်အခါအလိုက် ပေးထားပြီးဖြစ်ကြောင်း၊ အခွင့်အရေး(၂)မျိုး(၂)စား ရှိပြီး ကိုယ်ကျိုးအတွက်အပြင်၊ ကိုယ်ကျိုးရော အများ အကျိုးအတွက်ပါ ရှိသည်ဖြစ်ရာ မိမိရော၊ မိမိ နိုင်ငံ အတွက်ပါကောင်းမွန်သည့် အခွင့်အရေးမျိုးကို ရရှိစေ လိုကြောင်း၊ မိမိတို့ သင်ယူတတ်မြောက် ထားသည့် ပညာ ရပ်များဖြင့် အမှန်တကယ် အလုပ်အကျွေးပြုနိုင်ရ လိုကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ကာယကံရှင်များအပေါ်တွင်သာ မူတည်သည်ဖြစ်ရာ မိမိကိုယ်တိုင် တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ပြီး အမြော်အမြင်များဖြင့် ဆောင်ရွက်တတ်ရန် လိုကြောင်း၊ ရိုးသားမှု၊ သစ္စာရှိမှုများဖြင့် စွမ်းဆောင်နိုင်ရန် လိုကြောင်း၊ ယခုအခမ်းအနားတွင် လူငယ် မောင်မယ်များ အတွက် လမ်းညွှန်ပြောဆိုနေခြင်းဖြစ်ကြောင်း (၃)နှစ်ကျော်ကာလ အတွင်း မိမိတို့ ပြည်နယ်အနေနှင့် အခြားတိုင်း/ပြည်နယ် များနှင့် တန်းတူရေး တိုးတက်အောင်ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ အားလုံးအနေနှင့် ပြီးပြည်စုံသူများ မဟုတ် ကြောင်း၊ မိမိတို့ နိုင်ငံတော်၏ ဂုဏ်ကို နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း နိုင်ငံတကာ Border Check Point ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်း နေကြောင်း၊ ယင်းသို့ဖော်ဆောင်နိုင်ရေးအတွက် ပြည်နယ်သူ/သားများ၏ ဝါယမစိုက်ထုတ်မှုများ လိုအပ် နေကြောင်း၊ တက်ရောက်လာသူများအနေနှင့် ကျရာ ကဏ္ဍများမှ ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း၊ ဖော် ဆောင်နိုင်ရေးအတွက် တစ်ဆင့်ချင်းဖော်ဆောင်နေပြီး ပြည်နယ်အတွင်းငြိမ်းချမ်းရေး ကဏ္ဍကိုလည်း အလားတူ ဆောင်ရွက်နေကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအနေနှင့် ဆောင်ရွက် ပေးနိုင်သည့် ကဏ္ဍများကို တတ်နိုင်သည့် အတိုင်းအတာများအထိ ကြိုးပမ်းပေးနေကြောင်း၊ အား လုံးအနေဖြင့် တူညီသောရည်မှန်းချက်၊ တူညီသော အမြင် များဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကဏ္ဍများနှင့် ပတ်သက်၍ မိမိတို့ပြည်နယ်၏ ကယား တိုင်းရင်းသား (၉)မျိုးအပြင် အခြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည်ဖြစ် ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများအတွက် စုပေါင်းရုံးကိုလည်း တည် ဆောက် နေပြီဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံးကို ခွဲခြားဆက် ဆံမှု မရှိဘဲ အားလုံးသာတူညီမျှ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ နောင်တွင်လည်း ယခု ထက်ပိုမို၍ တိုင်းရင်းသားများအရေးကို ကြိုးပမ်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဟန်ဆောင်မှ အမှာ စကားပြောကြား ခြင်း၊ ပအိုဝ်းတိုင်းရင်းသူ တက္ကသိုလ်ဆရာမ တစ်ဦးမှ အမှာစကားပြောကြားခြင်း၊ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးမှ ပအိုဝ်း မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

ယင်းနောက် တက္ကသိုလ်အသီးသီး(လွိုင်ကော်)သို့ ထူးချွန်စွာတက်ရောက်နေသော ကျောင်းသား/သူများ အား ဂုဏ်ပြုဆုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ပေးအပ် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ် မှ ပအိုဝ်းရိုးရာအကပဒေသာအဖွဲ့ (၁၁)အဖွဲ့အတွက် (၁)ဖွဲ့လျှင် (၃)သောင်းကျပ်နှုန်းဖြင့် ငွေကျပ်(၃.၃)သိန်း၊ ရိုးရာဗုံမောင်းဖွဲ့တို့ ငွေကျပ်(၁)သိန်းနှင့် ပအိုဝ်းရိုးရာ ယဉ်ကျေးမှု လူငယ်အဖွဲ့အတွက် ရန်ပုံငွေကျပ် (၁.၇) သိန်း စုစုပေါင်းငွေကျပ်(၆)သိန်း အား ထောက်ပံ့ပေးအပ် ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ပထမနှစ်ကျောင်းသား/သူများကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြော ကြားခြင်း၊ ပအိုဝ်းရိုးရာသီချင်းများဖြင့် သီဆိုဖျော် ဖြေခြင်း များ ဆောင်ရွက် ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား ပထမပိုင်း အစီအစဉ် အား (၁၀၄၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ ပါသည်။

အစီအစဉ် ဒုတိယပိုင်းအဖြစ် ပဒေသာကပွဲများ၊ ခေတ် ပေါ်ဂီတဖျော်ဖြေပွဲများ၊ King & Queen ရွေးချယ်ပွဲများ အစရှိသည့် အစီအစဉ်များဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။