လွိုင်ကော်မြို့ပေါ်ရှိ စည်ပင်သာယာလမ်းများ ပြုပြင် ထိန်းသိမ်းနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု စစ်ဆေး

11082019

11082019-2

11082019-4

(၂၀၁၉ ဩဂုတ် ၁၁)

ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေး အတွက် ဦးစားပေး အစီအစဉ် အလိုက် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များရှိ မြို့တွင်းလမ်းများအား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့ နံနက်ပိုင်းတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးပိုင်းရပ်ကွက်ရှိ သီတာလမ်း (နှစ်ထပ်ဈေး အရှေ့ လမ်း)၊ ရတနာလမ်းနှင့်၊ ဓမ္မာရုံ ရပ်ကွက်ရှိ ပိတောက် လမ်း တို့အား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ ပါသည်။