ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ဒုတိယ သမ္မတ လွိုင်ကော်မြို့သို့ရောက်ရှိ

12-7-2019  1

12-7-2019  2

12-7-2019  3

12-7-2019  4

( ၂၀၁၉ ဇူလိုင် ၁၂ )
ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် (၁၂-၇-၂၀၁၉)ရက်နေ့ (၁၁၃၀) နာရီအချိန် နေပြည်တော်မှ ရှမ်းပြည်နယ် မိုးဗြဲရှိ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည် ဖော်ရေး ဦးစီးဌာန၊ ထိန်းသိမ်းရေးဌာနခွဲသို့ ရောက်ရှိခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဆိုပါ ထိန်းသိမ်းရေးဌာနခွဲ ရှင်းလင်း ဆောင်တွင် မိုးဗြဲရေလှောင်တမံဆိုင်ရာ အချက်အလက် များ နှင့် မိုးဗြဲရေတံခါးအား အဖွင့်အပိတ် ပြုလုပ်၍ လွိုင်ကော် - မိုးဗြဲ - အင်းလေးသို့ ဘီလူးချောင်း တလျှောက် စက်လှေဖြင့် ရေလမ်းကြောင်းခရီးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ များ အား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ မိုးဗြဲ ရေကာတာရေထိန်းတံခါးအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယသမ္မတမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ကယားပြည် နယ်၊ လွိုင်ကော်မြို့နယ်၊ ထီးစဲခါး ရေတံ ခွန်သို့ ရောက်ရှိ ခဲ့ပြီး ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖော်ဆောင်နိုင်မည့် အခြေ အနေ များအား မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။
အဆိုပါခရီးစဉ်သို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒုတိယသမ္မတ(၂)ဦးစီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်တို့ လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။