ကယားပြည်နယ်သတင်းများ

article thumbnailလွိုင်ကော်        ဇွန်  ၂ဝ ရက်     ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဇွန်လ (၂ဝ)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးသစ် တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှု စစ်ဆေးသည်။     ထိုသို့စစ်ဆေးရာတွင် နန်းအေးရိပ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများ   (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းအပေါ် စေတနာထားလုပ်ကိုင်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများအား...
article thumbnailမယ်စဲ့        ဇွန် ၁၉     ကယားပြည်နယ်အတွင်း ဝေးလံခေါင်သီပြီး ခက်ခဲသည့်ဒေသများ၌ တာဝန်ထမ်းဆောင်နေကြသော ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများသို့ ထောက်ပံ့ပေးအပ်သည့် အိမ်သုံးဆိုလာပြားနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ပွဲ အခမ်းအနား ကို ဇွန်လ(၁၉)ရက်နေ့  ၊ မွန်းလွဲ ၁:၃၀ အချိန်က မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် နမ့်ဟူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ...
article thumbnailမယ်စဲ့    ဇွန် ၁၉     (၁၉-၆-၂၀၁၇)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်မြောက် မွေးနေ့မင်္ဂလာအထိမ်းအမှတ်နေ့ အနေဖြင့် ဇွန်လ (၁၉) ရက်နေ့၊ နေ့လည် ၁၂:ဝ၀ နာရီအချိန်က မယ်စဲမြို့နယ်အတွင်းရှိ ပန်တိန်း အခြေခံပညာအလယ်တန်းကျောင်း၊ နမ့်ပိန်းလင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ နမ့်ဟူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ မယ်ဆည်နမ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျောက်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊...
article thumbnailဒီးမော့ဆို    ဇွန် ၁၉     ကယားပြည်နယ် အစိုးရအဖွဲ့တို့က ဒီးမော့ဆိုမြို့နယ်ရှိ စိန်ဂျိုးဇက်ဘုရားကျောင်းဝင်းအတွင်း ကတ္တရာခင်းခြင်း နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမဆောင်ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲကို ဇွန်လ(၁၉)ရက်နေ့ ၊ နံနက် (ဝ၈:ဝ၀)နာရီအချိန်က စိန်ဂျိုးဇက်ဓမ္မာရုံ၌ပြုလုပ်ကျင်းပသည်။ အခမ်းအနားတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘာသာရေးကို ခွဲခြားမှုမရှိဘဲ တပြေးညီ တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးသည်...
article thumbnailလွိုင်ကော်    ဇွန် ၁၅     ကယားပြည်နယ်၊ ပြည်နယ်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၃/၂ဝ၁၇)ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ (၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။     ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက် နေပြည်သူများကို အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ယခုသင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအပေါ်တွင်လည်း များစွာမူတည်နေကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ရောဂါကာကွယ်...

သတင်းထုတ်ပြန်ချက်

More in

သဝဏ်လွှာ

More in